နယူးမက္ကဆီကိုပြည်နယ်တရားရုံးက Facebook၊ Instagram နဲ့ WhatsApp တို့ရဲ့ မိခင်ကုမ္ပဏီ Meta ကို သုံးစွဲသူဒေတာကို ဘယ်လိုကိုင်တွယ်အသုံးပြုခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး အများပြည်သူကို နှစ်ပေါင်းများစွာ လိမ်လည်ပြောဆိုခဲ့တယ်လို့ ဆုံးဖြတ်ကာ ဒေါ်လာ ၂၅ ဘီလျံ ဒဏ်ရိုက်လိုက်ပါတယ်။ ဒီပမာဏဟာ Meta အပေါ် ချမှတ်ဖူးသမျှထဲမှာ အကြီးမားဆုံးဒဏ်ငွေဖြစ်ပြီး ကုမ္ပဏီကတော့ အမိန့်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။

ဒီအမှုဟာ Cambridge Analytica အရှုပ်တော်ပုံနဲ့ ဆက်စပ်နေပြီး Facebook သုံးစွဲသူ သန်းပေါင်းများစွာရဲ့ ဒေတာကို နိုင်ငံရေးအကြံပေးလုပ်ငန်းတွေမှာ အသုံးပြုခဲ့တာကနေ စတင်ခဲ့တာပါ။ Meta ဟာ သုံးစွဲသူခွင့်ပြုချက်မရှိဘဲ ဒေတာတွေကို ပြင်ပအဖွဲ့အစည်းတွေထံ မမျှဝေဘူးလို့ ပြောခဲ့ပေမယ့် လက်တွေ့မှာ အဲဒီလိုမဟုတ်ခဲ့ဘူးလို့ ပြည်နယ်ဘက်က စွပ်စွဲခဲ့ပါတယ်။ တရားရုံးက Meta ဟာ ပြည်နယ်ဥပဒေကို အကြိမ်ပေါင်း သန်း ၄၀ ကျော် ချိုးဖောက်ခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။

တရားသူကြီးက Meta ရဲ့ လုပ်ရပ်တွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ၂၀၁၀ ကနေ ၂၀၂၁ ခုနှစ်အထိ ၁၁ နှစ်ကျော် ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုအပြင် ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ လူမှုကွန်ရက်စွဲလမ်းမှုဆိုင်ရာ အမှုတွေကြောင့်လည်း Meta ဟာ ဒဏ်ငွေများစွာ ရင်ဆိုင်နေရပါတယ်။ တစ်ဖက်မှာတော့ ကုမ္ပဏီက ဉာဏ်ရည်တုနည်းပညာအတွက် ဒီနှစ်အတွင်း ဒေါ်လာ ၁၃၅ ဘီလျံကနေ ၁၄၅ ဘီလျံအထိ သုံးစွဲဖို့ စီစဉ်နေပါတယ်။
Ref : bbc





