Nvidia ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် ဟာ ရာထူးကနေ ချက်ချင်းနုတ်ထွက်ကြောင်း ကြေညာပြီးနောက်မှာ ကုမ္ပဏီရဲ့ ရှယ်ယာဈေးဟာ ၄ ဒသမ ၃၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ အစောပိုင်းမှာ ရှယ်ယာတန်ဖိုး ၁၄ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပေမယ့် ဈေးပိတ်ချိန်မှာတော့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၄ ထရီလီယံအထက်မှာပဲ ပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်။

သူ နုတ်ထွက်ရတဲ့ အဓိကအကြောင်းအရင်းကတော့ တရုတ်သူလျှိုလို့ အမေရိကန်ထောက်လှမ်းရေးတွေက ယူဆထားတဲ့ နည်းပညာကုမ္ပဏီ Megaspeed ရဲ့ အရာရှိ Alice Huang နဲ့ ဖောက်ပြန်ခဲ့ကြောင်း ဝန်ခံခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲဒီအပြင် သူဟာ Nvidia ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Kimberly Powell နဲ့ အမည်မဖော်လိုတဲ့ တခြားဝန်ထမ်းတစ်ဦးနဲ့လည်း လူမှုရေးဖောက်ပြန်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အမှုဆောင်အရာရှိချုပ်အသစ် မခန့်အပ်ခင်အချိန်အထိ ဘဏ္ဍာရေးအရာရှိချုပ် Colette Kress က ယာယီအမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Synopsys ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း Harvey C. Jones ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာပါ။
ဂျန်ဆန်ဟွမ်ဟာ ကုမ္ပဏီကို ဉာဏ်ရည်တု (AI) နည်းပညာခေတ်မှာ အောင်မြင်အောင် ဦးဆောင်ခဲ့သူဖြစ်လို့ သူ့ရဲ့ ထွက်ခွာမှုက ကုမ္ပဏီအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ ရှင်းလင်းတဲ့ ဆက်ခံသူအစီအစဉ် မရှိသေးတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပြီး Bernstein အပါအဝင် ဈေးကွက်လေ့လာဆန်းစစ်သူတွေက Nvidia ရဲ့ ရှယ်ယာဈေးနှုန်း ခန့်မှန်းချက်တွေကို ထက်ဝက်အထိ လျှော့ချထားကြပါတယ်။
Ref : cnbc





