အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
အမိုက်စား အရသာရှိတဲ့ ဘာဂါတွေ ဖန်တီးပေးနိုင်တဲ့ AI ကို တီထွင်
သတင်း
သတင်း၂၉ ဇွန် ၂၀၂၆

အမိုက်စား အရသာရှိတဲ့ ဘာဂါတွေ ဖန်တီးပေးနိုင်တဲ့ AI ကို တီထွင်

မျှဝေရန်

<p>ကမ္ဘာကျော် Big Mac ထက် အရသာပိုရှိမယ့်အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ကမ္ဘာမြေကိုပါ မထိခိုက်စေမယ့် ဘာဂါချက်နည်းတွေကို</p>

ကမ္ဘာကျော် Big Mac ထက် အရသာပိုရှိမယ့်အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ကမ္ဘာမြေကိုပါ မထိခိုက်စေမယ့် ဘာဂါချက်နည်းတွေကို စတန်းဖို့ဒ်တက္ကသိုလ်က သုတေသီတွေ တီထွင်လိုက်တဲ့ BurgerAI စနစ်က အကောင်အထည်ဖော်ပေးလိုက်ပါပြီ။

ဒီဆန်းသစ်တဲ့ AI စနစ်ဟာ ဘာဂါချက်နည်းပေါင်း ထောင်ချီကို အလွတ်မှတ်သားထားတဲ့ Large Language Model ကို အခြေခံထားတာဖြစ်ပြီး အာဟာရပြည့်ဝတဲ့ ဘာဂါတွေကနေ ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံးဖြစ်မယ့် ဘာဂါတွေအထိ စားသုံးသူတွေ စိတ်ကြိုက်ပုံစံအတိုင်း ထူးထူးခြားခြား ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းကတော့ လူပေါင်း ၁၀၁ ဦးကို ဘယ်သူလုပ်မှန်း မပြောဘဲ မျက်စိမှိတ်မြည်းစမ်းစေခဲ့တဲ့ စမ်းသပ်ချက်မှာ AI ဒီဇိုင်းထုတ်ပေးထားတဲ့ ဘာဂါတွေရဲ့ အရသာ၊ အနံ့နဲ့ အထိအတွေ့တွေဟာ လူကြိုက်များလှတဲ့ Big Mac ကို ယှဉ်နိုင်ရုံတင်မကဘဲ အချို့ဆိုရင် ပိုလို့တောင် ကောင်းမွန်နေတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် BurgerAI ဟာ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက်ပါ စံပြဖြစ်မယ့် အစားအစာတွေကိုပါ ချပြနိုင်ခဲ့ပါတယ်။

ဥပမာအားဖြင့် AI ဖန်တီးပေးတဲ့ မှိုဘာဂါဟာ Big Mac နဲ့ ယှဉ်ရင် ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်မှု ၁၀ ဆကျော်အထိ လျှော့ချပေးနိုင်သလို ပဲဘာဂါကလည်း အာဟာရဓာတ် ၂ ဆနီးပါး ပိုမိုမြင့်မားနေပါတယ်။

အနာဂတ်မှာတော့ ဒီနည်းပညာကတစ်ဆင့် လျှာပေါ်မှာ စွဲမက်ဖွယ် အရသာရှိပြီး ကမ္ဘာမြေကိုပါ စောင့်ရှောက်ပေးမယ့် အစားအစာ တော်လှန်ရေးအသစ်တစ်ခု ဖြစ်လာတော့မယ်လို့ သုတေသီတွေက မျှော်လင့်နေကြပါတယ်။

Ref: Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media