NVIDIA ရဲ့ CEO ဖြစ်သူ Jensen Huang က လုပ်ငန်းတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အလုပ်တွေကို လုပ်ကိုင်ဖို့အတွက် စက်ရုပ်လုပ်သား တစ်ဦးချင်းစီအတွက် တစ်နှစ်ကို ဒေါ်လာ ၅၀,၀၀၀ ဝန်းကျင် အထိ အသုံးစရိတ် ရှိလာနိုင်တယ်လို့ ခန့်မှန်း ပြောကြားလိုက်ပါတယ်။ အဲဒီလို စက်ရုပ်တွေကို အလုပ်ခေါ်ဖို့အတွက် လုပ်ငန်းတွေမှာ ငွေကြေး အသုံးချရမယ့် အခြေအနေတွေ ရှိလာမယ်လို့ သူက စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ဆယ်စုနှစ် မကုန်ခင်မှာ ကမ္ဘာတစ်ဝန်း လူ့လုပ်သား အင်အား သန်း ၅၀ ကျော် အထိ လိုအပ်ချက်ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေ ရှိလာနိုင်တယ်လို့လည်း သူက ဆက်လက် ခန့်မှန်းထားပါတယ်။ အဲဒီလို ပြောဆိုရာမှာ လုပ်ငန်းခွင်အတွင်း စက်ရုပ်တွေကို အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ် အလားအလာတွေကိုသာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

CEO က NVIDIA ဘက်ကနေ စက်ရုပ်လုပ်သားတွေအတွက် လစာတွေ တရားဝင် ပေးချေသွားမယ်လို့ ကြေညာခဲ့တာမျိုး မရှိသေးဘဲ အဲဒီ ဒေါ်လာ ၅၀,၀၀၀ ဆိုတဲ့ ငွေကြေးပမာဏနဲ့ ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာကို အသေးစိတ် ရှင်းလင်းပြောကြားထားခြင်း မပါရှိပါဘူး။ အဲဒီ စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကိုတော့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ NVIDIA GTC မိတ်ဆက်ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Ref : Technology Innovation




