စင်ကာပူနိုင်ငံမှာ လူဦးရေ တိုးပွားလာစေဖို့အတွက် ရည်ရွယ်ပြီး အစိုးရကိုယ်တိုင် ဦးဆောင် ဖန်တီးထားတဲ့ FirstDate လို့ခေါ်တဲ့ ချစ်သူရှာပေးတဲ့ ပလက်ဖောင်း အသစ်တစ်ခုကို တရားဝင် စတင် မိတ်ဆက်လိုက်ပါတယ်။

 

စက်တင်ဘာ ၂၉ ရက်နေ့မှာ စတင် လည်ပတ်ခဲ့တဲ့ အဲဒီ ပလက်ဖောင်းဟာ အသက် ၂၁ နှစ်နဲ့ ၃၅ နှစ်ကြား အိမ်ထောင်မရှိသေးတဲ့ အစိုးရ ဝန်ထမ်းတွေအတွက် ရည်စူးထားပြီး စင်ကာပူရဲ့ နိုင်ငံတော် ဒစ်ဂျစ်တယ် အထောက်အထား စနစ်ဖြစ်တဲ့ Singpass ကနေတစ်ဆင့် အချက်အလက်တွေကို တိကျမှန်ကန်စွာ အတည်ပြုပေးပါတယ်။

 

ပုံမှန် Dating App တွေလို ပရိုဖိုင်းရာပေါင်းများစွာကို လျှောက်ကြည့်နေရမယ့်အစား အဲဒီ စနစ်က အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှု၊ လူနေမှုပုံစံနဲ့ ဆက်ဆံရေး နှစ်သက်မှုတွေအပေါ် မူတည်ပြီး ကိုက်ညီတဲ့ တစ်ဦးချင်းစီကို လစဉ် ရွေးချယ် သတ်မှတ်ပေးပါတယ်။

 

၁၉၆၂ ခုနှစ်က သင်္ချာပညာရှင်တွေ တီထွင်ခဲ့တဲ့ တွက်ချက်မှု စနစ်ကို အသုံးပြုထားပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရဖို့အတွက် ၇၄ နာရီအတွင်း အဖြေပေးရမှာ ဖြစ်ကာ သဘောတူမှသာ ဆက်သွယ်ရန် အချက်အလက်တွေကို  အလဲအလှယ် လုပ်ခွင့်ပြုပါတယ်။

 

အဲဒီလို ဆန်းသစ်တဲ့ အစီအစဉ်ကို ဖန်တီးလာရတာကတော့ ၂၀၂၅ ခုနှစ်မှာ စင်ကာပူရဲ့ ကလေးမွေးနှုန်းက အမျိုးသမီးတစ်ဦးကို ကလေး ၀ ဒသမ ၈၇ နှုန်းအထိ စံချိန်တင် ကျဆင်းသွားခဲ့ပြီး တစ်နိုင်ငံလုံး အနေနဲ့လည်း ကလေး ၂၇,၃၉၃ ဦးသာ မွေးဖွားခဲ့ကာ ယခင်နှစ်ထက် ၁၁ ဒသမ ၁ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားခဲ့တာကြောင့် ဖြစ်ပါတယ်။

Ref : Technology Innovation