အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ကလေးတွေ ဆိုရှယ်မီဒီယာ သုံးတာဟာ ဆေးလိပ်သောက်သလို အန္တရာယ်ရှိ
သတင်း
သတင်း၂၇ မေ ၂၀၂၆

ကလေးတွေ ဆိုရှယ်မီဒီယာ သုံးတာဟာ ဆေးလိပ်သောက်သလို အန္တရာယ်ရှိ

မျှဝေရန်

<p>ကလေးတွေအတွက် ဆိုရှယ်မီဒီယာဟာ ဆေးလိပ်သောက်တာလိုပဲ အန္တရာယ်ရှိတယ်လို့ ဗြိတိန်ရဲ့ ထိပ်တန်းဆရာဝန်ကြီးတွေက သတိပေးလိုက်ပြီး ကလေးငယ်တွေ အွန်လိုင်းအသုံးပြုချိန် များပြားတာကြောင့်</p>

ကလေးတွေအတွက် ဆိုရှယ်မီဒီယာဟာ ဆေးလိပ်သောက်တာလိုပဲ အန္တရာယ်ရှိတယ်လို့ ဗြိတိန်ရဲ့ ထိပ်တန်းဆရာဝန်ကြီးတွေက သတိပေးလိုက်ပြီး ကလေးငယ်တွေ အွန်လိုင်းအသုံးပြုချိန် များပြားတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဖြေရှင်းပေးဖို့ ဥပဒေပြုအမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဆရာဝန်တွေရဲ့ လေ့လာမှုအရ ကလေးတွေဟာ အွန်လိုင်းမှာ အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက် ညစ်ညမ်းရုပ်ပုံစာပေတွေကို မြင်တွေ့ရတာကြောင့် စိတ်ဒဏ်ရာရတာနဲ့ ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရတာတွေအထိ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ ဆရာဝန်တွေထဲက ထက်ဝက်ကျော်ဟာ နည်းပညာနဲ့ စက်ပစ္စည်းတွေကြောင့် ကလေးတွေ ကျန်းမာရေးထိခိုက်ရတဲ့ ဖြစ်စဉ်တွေကို အပတ်စဉ် တွေ့ကြုံနေရတယ်လို့ ရှင်းပြထားပါတယ်။

အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဗြိတိန်အစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ဖို့၊ အသုံးပြုချိန် ကန့်သတ်ဖို့နဲ့ စွဲလမ်းစေမယ့် နည်းပညာတွေကို တားမြစ်ဖို့ အများပြည်သူရဲ့ သဘောထားတွေကို ကောက်ခံနေပါတယ်။

နည်းပညာဝန်ကြီး လစ်ဇ်ကန်းဒေါလ်ကလည်း အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ ပိတ်ပင်တာ ဒါမှမဟုတ် တခြားလုပ်ဆောင်ချက်တွေကို ကန့်သတ်တာမျိုးကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဗြိတိန်က မိသားစုအတော်များများဟာ ဆိုရှယ်မီဒီယာ ပိတ်ပင်တာနဲ့ အချိန်ကန့်သတ်တာတွေက ကလေးတွေရဲ့ အိပ်စက်မှု၊ မိသားစုဘဝနဲ့ ကျောင်းစာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို စမ်းသပ်ကြည့်နေကြပါတယ်။

ဒါပေမဲ့ အဲဒီလို လုံးဝပိတ်ပင်လိုက်တာမျိုးက ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် လန်ဒန်မြို့က လူငယ်တစ်စုကလည်း အဲဒီလို ကန့်သတ်ချက်တွေအပေါ် သဘောမတူဘဲ ကန့်ကွက်ကြောင်း ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ဩစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပထမဆုံး ပိတ်ပင်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး ဥရောပနိုင်ငံတွေကလည်း အဲဒီလိုမျိုး ကန့်သတ်ဖို့ စဉ်းစားနေကြပါတယ်။

Ref: Bangkokpost

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media