လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ အီလွန်မက်စ်ရဲ့ အာကာသကုမ္ပဏီ SpaceX နဲ့ ပူးပေါင်းပြီး သိပ္ပံဇာတ်ကားတွေထဲကလို ဒုံးပျံပုံစံတွန်းကန်အားတွေ ပါဝင်တဲ့ ဒီဇိုင်းအသစ် Roadster ကားကို အံ့မခန်း မိတ်ဆက်လိုက်ပါတယ်။ အဲဒီအဖြူရောင် နှစ်ယောက်စီးယာဉ်ဟာ Ramp ပေါ်မှာ ပြောင်းပြန်မောင်းနှင်နိုင်ရုံသာမက လေထဲမှာ လှည့်ပတ်ပြီး တွန်းကန်အားတွေကို အသုံးပြုကာ အမိုက်စား ဆင်းသက်ပြခဲ့ပါတယ်။ အဲဒီပွဲမှာပဲ အဲဒီကားက ထရပ်ကားနဲ့ အခြားယာဉ်တွေကို လေထဲမှာ ကျော်လွန်ခုန်ကျော်တဲ့ ဖျော်ဖြေမှုကိုလည်း လုပ်ပြသွားခဲ့ပါတယ်၊၊

 

အဲဒီကားဟာ သုညကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို တစ်စက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်ပြီး တစ်နာရီ မိုင် ၂၃၀ ကျော်အထိ အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ တစ်ခါအားသွင်းရုံနဲ့ မိုင် ၃၀၀ ကျော် ခရီးနှင်နိုင်မှာဖြစ်ပြီး အစောပိုင်း ကတိပြုထားချက်တွေထက် လျော့နည်းပေမဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကတော့ အထူးကောင်းမွန်နေဆဲဖြစ်ပါတယ်။ အဲဒီ  ကားသစ်ကြီးရဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုတော့ ၂၀၂၈ ခုနှစ်မှာ စတင်မယ်လို့ အမှုဆောင်ချုပ် အီလွန်မက်စ်က အတည်ပြု ပြောကြားထားပါတယ်၊၊

 

အဲဒီ ရင်ခုန်စရာ မိတ်ဆက်ပွဲကို တက်ရောက်လာသူတွေနဲ့ ပရိသတ်တွေက အလွန်တရာ အံ့သြချီးကျူးခဲ့ကြပေမဲ့ ဘဏ္ဍာရေးလောကအတွက်တော့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကိုယ်တိုင်မောင်းနှင်တဲ့ AI နည်းပညာတွေက ပိုပြီးအရေးပါနေဆဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ Roadster ကားသစ်ဟာ Tesla ရဲ့ အကောင်းဆုံး အင်ဂျင်နီယာလက်ရာနဲ့ အဆင့်မြင့်နည်းပညာတွေကို အပြည့်အဝ ထင်ဟပ်ပြသနိုင်မယ့် အဓိကကားတစ်စီး ဖြစ်လာမှာ သေချာပါတယ်၊၊

Ref : Reuters