အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
အမေရိကန် မှာ လူတူစက်ရုပ်တွေကို  လေ့ကျင့်ပေးမယ့် “ရိုဘော့ပန်းခြံ” အကြီးစားကြီးတစ်ခု ဖွင့်လှစ်
သတင်း
သတင်း၂ ဇူလိုင် ၂၀၂၆

အမေရိကန် မှာ လူတူစက်ရုပ်တွေကို  လေ့ကျင့်ပေးမယ့် “ရိုဘော့ပန်းခြံ” အကြီးစားကြီးတစ်ခု ဖွင့်လှစ်

မျှဝေရန်

<p>လက်ရှိမှာ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံကျော်အထိ ရှိနေတဲ့ အမေရိကန် စက်ရုပ်နည်းပညာ ကုမ္ပဏီ Apptronik</p>

လက်ရှိမှာ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံကျော်အထိ ရှိနေတဲ့ အမေရိကန် စက်ရုပ်နည်းပညာ ကုမ္ပဏီ Apptronik ဟာ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာ စတုရန်းပေ ၉၀,၀၀၀ နီးပါးအထိ ကျယ်ဝန်းတဲ့ “Robot Park” (ရိုဘော့ပန်းခြံ) ကြီးတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီနေရာဟာ အနာဂတ်ရဲ့ လူတူစက်ရုပ် (Humanoid robot) တွေကို လက်တွေ့လုပ်ငန်းခွင်တွေထဲ ဝင်ရောက်လုပ်ကိုင်နိုင်အောင် လေ့ကျင့်ပေးမယ့် အကြီးစား AI လေ့ကျင့်ရေးစင်တာကြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ Apptronik ရဲ့ “Apollo” လို့ အမည်ရတဲ့ လူတူစက်ရုပ်တွေဟာ တကယ့်လက်တွေ့ လုပ်ငန်းခွင်တွေအတိုင်း ဖန်တီးထားတဲ့ ကုန်လှောင်ရုံ၊ စက်ရုံ၊ လက်လီအရောင်းဆိုင်နဲ့ ထောက်ပံ့ပို့ဆောင်ရေး ပတ်ဝန်းကျင်တွေထဲမှာ သေတ္တာတွေဆင့်တာ၊ ပစ္စည်းတွေ အမျိုးအစားခွဲတာနဲ့ ကုန်ပစ္စည်းတွေ ရွှေ့ပြောင်းတာ စတဲ့ အလုပ်တွေကို အပြင်းအထန် လေ့ကျင့်နေကြပါတယ်။

ထူးခြားတာက အဲဒီလေ့ကျင့်ခန်း အတော်များများကို လူသားအော်ပရေတာတွေကပဲ စိတ်ရှည်လက်ရှည် လမ်းညွှန်ထိန်းချုပ်ပေးနေတာဖြစ်ပြီး ဒါဟာ စက်ရုပ်တွေအတွက် လက်တွေ့ကမ္ဘာက အဖိုးတန်ဒေတာ အမြောက်အမြားကို စုဆောင်းရရှိစေပါတယ်။

အဲဒီဒေတာတွေကနေတစ်ဆင့် ရေရှည်မှာ စက်ရုပ်တွေရဲ့ AI စနစ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ် လုပ်ကိုင်နိုင်စွမ်းကို ပိုမိုထက်မြက်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Apptronik က အဲဒီစင်တာကြီးကို မျိုးဆက်သစ် လူတူစက်ရုပ်တွေ အမြန်ဆုံး အကောင်အထည်ပေါ်လာစေဖို့ မောင်းနှင်ပေးမယ့် “ဒေတာစက်ရုံ” ကြီးတစ်ခုလို့ တင်စားခေါ်ဆိုထားပါတယ်။

နည်းပညာဘီလူးကြီး Google DeepMind နဲ့ ကားကုမ္ပဏီကြီး Mercedes-Benz တို့ရဲ့ ကျောထောက်နောက်ခံကို ရရှိထားတဲ့ အဲဒီကုမ္ပဏီက သူတို့ရဲ့ လူတူစက်ရုပ်တွေဟာ ကုန်ထုတ်လုပ်မှု၊ ကုန်လှောင်ရုံနဲ့ ထောက်ပံ့ပို့ဆောင်ရေး စတဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတဲ့ လူသားလုပ်သားရှားပါးမှု ပြဿနာကို အကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် Apptronik ဟာ သူတို့ရဲ့ စက်ရုပ်တွေကို ဈေးကွက်ထဲ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ချပြရောင်းချနိုင်ဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ နောက်ထပ် ရိုဘော့ပန်းခြံအသစ်တွေကိုလည်း ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်။

Ref: Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media