လာမယ့်ဆယ်စုနှစ်အတွင်း AI နည်းပညာကြောင့် လူသားမျိုးနွယ်တွေ မျိုးသုဉ်းပျက်စီးသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို “ကမ္ဘာပျက်ကိန်း အောက်လမ်းနည်းသုံး ခြောက်လှန့်မှုတွေ” သာ ဖြစ်ပါတယ်လို့ Nvidia အမှုဆောင်အရာရှိချုပ် Jensen Huang က ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။ ၂၀၃၀ ပြည့်နှစ်ဟာ ကမ္ဘာပျက်မယ့်နှစ် မဟုတ်သလို အဲဒီလိုဖြစ်လာဖို့ ရာခိုင်နှုန်းလည်း လုံးဝမရှိဘူးလို့ CBS News နဲ့ အင်တာဗျူးမှာ အခိုင်အမာ ပြောကြားခဲ့တာပါ။ ပြည်သူတွေကို မလိုအပ်ဘဲ အကြောက်တရားစိုက်ထူ ခြောက်လှန့်နေတာဟာ တာဝန်မဲ့လွန်းရာ ရောက်တယ်လို့လည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Nvidia Boss Looks to Convince Everyone That AI Is Safe After OpenAI Drama -  Business Insider

Anthropic သုတေသနပညာရှင်ဟောင်း Jacob Coxon ရဲ့ AI ကြောင့် လူသားတွေ သေဆုံးသွားနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် Anthropic ဥက္ကဋ္ဌ Dario Amodei နဲ့ OpenAI ဥက္ကဋ္ဌ Sam Altman တို့လို နည်းပညာထိပ်သီးတွေက AI ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးပစ်ဖို့ တောင်းဆိုလာကြတာပါ။ ဒါပေမဲ့ Huang ကတော့ အဲဒီလို ခန့်မှန်းချက်တွေဟာ သိပ္ပံနည်းကျ အခြေခံမရှိဘူးလို့ ချေပခဲ့သလို AI ဖွံ့ဖြိုးမှုကို နှေးကွေးဖို့ ပြောဆိုနေကြတာဟာ တကယ်တော့ နည်းပညာရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ တာဝန်ယူမှုတွေကနေ ရှောင်လွှဲခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Nvidia Boss Jensen Huang Credits Work Ethic to Time at Denny's Washing  Dishes - Business Insider

လက်ရှိမှာ AI စနစ်တွေ မောင်းနှင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ မြင့်မားလှတဲ့ Chip ပြားတွေကို ဒေါ်လာဘီလီယံပေါင်းများစွာတန် Nvidia က အဓိက ထုတ်လုပ်ပေးနေတာပါ။ တစ်ဖက်မှာလည်း အမေရိကန်နဲ့ တရုတ်တို့အကြား AI နည်းပညာ စိန်ခေါ်မှုတွေ ရှိနေချိန်မှာ အမေရိကန်သမ္မတ Donald Trump နဲ့ ဗြိတိန်ဘုရင် King Charles တို့ကပါ AI ရဲ့ ဘေးအန္တရာယ်တွေကို သတိပေးပြောဆိုထားကြတာကြောင့် AI နည်းပညာနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာတွေဟာ ကမ္ဘာ့အဆင့် ကဏ္ဍအသီးသီးမှာ ပိုမို အရှိန်မြင့်တက်လာနေပါတယ်။

Ref : bbc