မကြာခင်ကပဲ တရုတ်ကုမ္ပဏီက ထုတ်တဲ့ DeepSeek ဟာ တစ်ကမ္ဘာလုံးမှာ နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် တရုတ် ကုမ္ပဏီက ထုတ်တဲ့အတွက် စိုးရိမ်မှုတွေ တချို့နိုင်ငံတွေမှာ ရှိနေပါတယ်။ နိုင်ငံများစွာက အစိုးရတွေဟာ လုံခြုံရေးအတွက် စိတ်ပူနေပြီး ဒေတာ အလွဲသုံးစားလုပ်မှာကို ကြောက်နေကြပါတယ်။ အခုတော့ ထိုင်ဝမ်က DeepSeek ကို ပိတ်ပင်လိုက်ပါတယ်။

Musk Criticizes DeepSeek

ထိုင်ဝမ်ရဲ့ ဒစ်ဂျစ်တယ် ဝန်ကြီးဌာနက သောကြာနေ့မှာ ပိတ်ပင်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အစိုးရဌာနတွေနဲ့ အဓိက လုပ်ငန်းတွေမှာ DeepSeek ကို သုံးလို့ မရတော့ပါဘူး။ အစိုးရက ဒေတာတွေ ပေါက်ကြားမှာကို စိုးရိမ်တဲ့အတွက် အခုလို ပိတ်ပင်တာလို့ ပြောပါတယ်။

Taiwan Bans Government Agencies From Using DeepSeek, Citing Security  Concerns - Business Insider

ထိုင်ဝမ် အစိုးရက DeepSeek ရဲ့ ဒေတာ စုဆောင်းတဲ့ နည်းလမ်းတွေကို သတိပေးထားပါတယ်။ DeepSeek ကနေ ဒေတာတွေ ပေါက်ကြားနိုင်တယ်လို့ ပြောပါတယ်။ ထိုင်ဝမ်ဟာ DeepSeek ကို ပိတ်ပင်တဲ့ အထဲမှာ နောက်ဆုံး နိုင်ငံ ဖြစ်လာပါတယ်။

အီတလီကလည်း တစ်နိုင်ငံလုံးမှာ DeepSeek ကို ပိတ်ပင်ထားပါတယ်။ ဂျာမနီနဲ့ တခြား ဥရောပနိုင်ငံတွေကလည်း  အဲဒီ AI ကို စုံစမ်းစစ်ဆေးနေကြပါတယ်။

အမေရိကန်ကလည်း DeepSeek ကို ကန့်သတ်ထားပါတယ်။ အစိုးရဌာနတွေမှာ အဲဒီ AI ကို ပိတ်ပင်ထားပါတယ်။ အမေရိကန် ရေတပ်မှာလည်း သုံးလို့ မရပါဘူး။

Ref : Gizchina