Poco က ပထမဆုံး Ultra ဖုန်းကိုကြေညာလိုက်ပြီး Poco F7 Ultra လို့ နာမည်ပေးထားပါတယ်။ Snapdragon 8 Elite ကို သုံးထားပြီး SD 8 Gen 3 ထက် ၄၅ ရာခိုင်နှုန်း ပိုမြန်ပါတယ်။ VisionBoost D7 Graphics Chip ပါလာပြီး Resolution ကို မြှင့်တင်ပေးနိုင်ပြီး Game HDR နဲ့ Frame Generation ပိုကောင်းပါတယ်။ ဂိမ်းမှာတင်မဟုတ်ဘဲ YouTube နဲ့ Netflix မှာလည်း အလုပ်လုပ်ပါတယ်။ Snapdragon နဲ့ VisionBoost တို့ ပေါင်းစပ်ထားတဲ့အတွက် Genshin Impact ကို 2K Super Resolution , 120fps နဲ့ စွမ်းရည်မကျဘဲ ကစားနိုင်ပါတယ်။ LiquidCool Technology 4.0 ထည့်သွင်းထားပါတယ်။
5,300mAh Battery ပါလာပြီး 120W HyperCharge က ၃၄ မိနစ်ထဲနဲ့ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 50W Wireless HyperCharge လည်း ပါပါတယ်။
စွမ်းရည်မြင့် ကင်မရာတွေ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Light Fusion 800 Sensor (OIS) , 50MP Telephone (OIS) နဲ့ 32MP Ultrawide တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။
Display က 6.67” 120Hz OLED ဖြစ်ပြီး 1440x3200p Resolution ရှိပါတယ်။ Poco Shield Glass နဲ့ ကာကွယ်ထားပါတယ်။ Display က 3,200 Nits Brightness အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ IP68 ရေစိုခံစံနှုန်း ပါလာပြီး Ultrasonic Under Display Fingerprint Reader ထည့်ထားပါတယ်။
Black နဲ့ Yellow ၂ ရောင်နဲ့ လာပြီး 12/256GB ကို ၆၄၉ ဒေါ်လာ ၊ 12/512GB ကို ၆၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena