Hyundai က EV ကား ဘက်ထရီတွေ မီးလောင်ရင် မီးသတ်ဆေးဘူးက အလိုအလျှောက် ငြှိမ်းသတ်ပေးနိုင်တဲ့ ဘက်ထရီ နည်းပညာကို တီထွင်လိုက်ပါတယ်။ အပူဒဏ်ကို ခံနိုင်တဲ့ ဒြပ်ထုတွေကို မှီခိုနေရတဲ့ အစား Hyundai ရဲ့ ဘက်ထရီ နည်းပညာက မီးလောင်တာနဲ့ ချက်ချင်းငြှိမ်းသတ်ပေးနိုင်တဲ့အတွက် တော်တော် အစွမ်းထက်ပါတယ်။
အဲဒီ စနစ်မှာ ဘက်ထရီ Case ၊ မီးသတ်ဆေးဘူးနဲ့ Software တွေကို ပေါင်းစပ်ထားပါတယ်။ ဘက်ထရီ စီမံခန့်ခွဲတဲ့ စနစ်က ဘက်ထရီထဲက အပူချိန်၊ Voltage နဲ့ ဖိအား ဒေတာတွေကို ကောက်ယူပါတယ်။ တစ်စုံတစ်ခုက မှားယွင်းနေပြီဆိုရင် Software က မီးသတ်ဆေးဘူးနဲ့ ငြှိမ်းသတ်ဖို့ ဆုံးဖြတ်ပါတယ်။
အဲဒီ မီးသတ်ဆေးဘူး ဟာ သမားရိုးကျ နေအိမ်သုံး မီးသတ်ဆေးဘူးတွေထက် ၅ ဆ ပိုစွမ်းရည်မြင့်မားပါတယ်။ အဲဒီ ဘက်ထရီ နည်းပညာဟာ EV ကားစီးသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ဘေးကင်းလုံခြုံစေမှာ ဖြစ်ပါတယ်။
EV ကားတွေရဲ့ ဘက်ထရီတွေဟာ မီးလောင်နိုင်တဲ့ ပြဿနာ ရှိပါတယ်။ Hyundai ရဲ့ ဘက်ထရီ နည်းပညာကတော့ အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပါတယ်။