Bill Gates က AI ဟာ နောက် ၁၀ နှစ်အတွင်း ဆရာဝန်၊ ကျောင်းဆရာနဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ နေရာကို ဝင်ယူလာမယ်လို့ ပြောပါတယ်။
သူက The Tonight Show Starring Jimmy Fallon မှာ AI ဟာ အလုပ်များစွာကို နေရာယူလာမှာ ဖြစ်ပြီး အလုပ်အများစုအတွက် လူသားတွေ မလိုအပ်တော့ဘူးလို့ ပြောပါတယ်။
Fallon က လူသားတွေ ဆက်လက် လိုအပ်နေသေးတယ်ဆိုရင် ဘယ်လိုလုပ်မလဲ လို့ မေးတဲ့အခါ Gates က အများစုအတွက် လူသားတွေ မလိုအပ်တော့ပါဘူးလို့ ဖြေပါတယ်။ သူက လူသားတွေ AI နဲ့ အတူတကွ ဘယ်လိုအလုပ်လုပ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။
Gates က ဒီလို ပြောင်းလဲမှုဟာ အခမဲ့ အသုံးပြုနိုင်တဲ့ AI တွေကြောင့် ဖြစ်ပြီး AI ဟာ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် ပါဝင်လာတယ်လို့ ပြောပါတယ်။ AI ဟာ ပိုကောင်းတဲ့ ဆေးကုသမှုနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကနေ ပညာသင်ကြားတာတွေအထိ အရာတိုင်းမှာ ကူညီနိုင်ပါတယ်။ Gates က AI ဟာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အလွန် အသုံးဝင်လာမယ်လို့ ပြောပါတယ်။
Ref : Technology Innovation