ဩစတြေးလျ နိုင်ငံ မဲလ်ဘုန်း မှ Startup တစ်ခု ဖြစ်တဲ့ AMSL Aero က ကမ္ဘာ့ ပထမဆုံး ဟိုက်ဒရိုဂျင်နဲ့ မောင်းတဲ့ e-VTOL တွေထဲက တစ်စီးကို တည်ဆောက်ထားပါတယ်။ e-VTOL ဆိုတာ မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက် ၊ အဆင်း လုပ်နိုင်ပြီး လေယာဉ်ပြေးလမ်း မလိုအပ်ပါဘူး။
လေယာဉ် တက္ကစီကို Vertiia လို့ နာမည်ပေးထားပြီး ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။ အဆင့်မြင့် ဟိုက်ဒရိုဂျင် Fuel Cells တွေ ထည့်သွင်းထားပြီး ကီလိုမီတာ ၁,၀၀၀ ပျံသန်းနိုင်ပါတယ်။ ဒါဟာ လစ်သီယမ် အိုင်းယွန်း မော်ဒယ်တွေ ပျံသန်းနိုင်တဲ့ အကွာအဝေးထက် ၂ ဆကျော် ပိုများပါတယ်။ ဟယ်လီကော်ပတာ လို ဝေဟင်ပေါ် ပျံတက်နိုင်ပြီး လေယာဉ်လို ပျံသန်းနိုင်ပါတယ်။
ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။ အရေးပေါ် သယ်ယူပို့ဆောင်ရေး၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကားလမ်းပိတ်တဲ့ မြို့တွေမှာ အသုံးပြုဖို့ အလွန်ကောင်းပါတယ်။
Vertiia ကို လက်ရှိမှာ စမ်းသပ်ပျံသန်းမှုများစွာ ပြုလုပ်ထားပြီးပြီ ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း လေယာဉ် တက္ကစီ ဝန်ဆောင်မှုကို ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။
Ref : Martin Butler