MIT က သုတေသီတွေက စက်ရုပ်တွေအနေနဲ့ ပိတ်ထားတဲ့ သေတ္တာတွေထဲကိုနဲ့ နံရံတွေရဲ့ နောက်ကွယ်ကို မြင်နိုင်စေမယ့် “mmNorm” လို့ခေါ်တဲ့ ပုံရိပ်ဖော်နည်းပညာအသစ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။
အဲဒီစနစ်က ကတ်ထူစက္ကူ၊ ပလတ်စတစ်နဲ့ နံရံတွေလို အရာဝတ္ထုတွေကို ထိုးဖောက်စကင်န်ဖတ်ဖို့အတွက် Wi-Fi နဲ့ဆင်တူတဲ့ millimeter wave (mmWave) signal တွေကို အသုံးပြုထားပါတယ်။ အဲဒီ signal တွေက ဖုံးကွယ်ထားတဲ့ အရာဝတ္ထုတွေကနေ ပြန်လာပြီး algorithm ကနေတစ်ဆင့် အသေးစိတ် 3D ပုံစံတွေအဖြစ် ပြောင်းလဲပေးပါတယ်။
စမ်းသပ်မှုတွေမှာတော့ mmNorm က ၉၆% တိကျမှုရှိခဲ့ပြီး ကော်ဖီခွက်တွေ၊ လျှပ်စစ်လွန်တွေနဲ့ ဇွန်းခရင်းတွေလို အရာတွေကို ဖုံးကွယ်ထားရင်တောင်မှ ပုံစံအမျိုးမျိုးနဲ့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုက ကုန်လှောင်ရုံတွေက စက်ရုပ်တွေအနေနဲ့ ပစ္စည်းထုပ်ပိုးထားတဲ့ သေတ္တာတွေကို မဖွင့်ဘဲနဲ့ အတွင်းမှာရှိတဲ့ ပစ္စည်းတွေ (ဥပမာ- ကော်ဖီခွက်လက်ကိုင်ကျိုးနေတာမျိုး) ပျက်စီးနေသလားဆိုတာကို စစ်ဆေးနိုင်မှာဖြစ်လို့ အရည်အသွေးထိန်းချုပ်မှုတွေကို ပိုမြန်ပြီး ပိုစမတ်ကျစေမှာ ဖြစ်ပါတယ်။
Ref : Technology Innovation