တရုတ်နိုင်ငံရဲ့ အဓိကမော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ GAC Group က နိုင်ငံရဲ့ ပထမဆုံး အမြောက်အများထုတ်လုပ်မယ့် ကားပျံကို ၂၀၂၅ ခုနှစ်၊ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ မော်တော်ကားနဲ့ ထောက်ပံ့ရေးကွင်းဆက်ပြပွဲကြီးမှာ ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ပါတယ်။

Govy AirCab flying car launches with 18.6-mile range and $233,000 price tag | Fox News

Govy AirCab လို့ အမည်ပေးထားတဲ့ အဲဒီယာဉ်ကတော့ လူနှစ်ယောက်စီး ဒေါင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ (eVTOL) ယာဉ်အမျိုးအစားဖြစ်ပြီး မြို့တွင်း ခရီးတိုပျံသန်းမှုတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီယာဉ်ဟာ အားတစ်ခါသွင်းထားရုံနဲ့ ၁၈.၆ မိုင် (ကီလိုမီတာ ၃၀) အထိ သွားလာနိုင်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂၃၃,၀၀၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။

AirCab မှာ အားအမြန်သွင်းနိုင်တဲ့ ဘက်ထရီတွေပါဝင်ပြီး ၂၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ကာ ၁၅ မိနစ်အတွင်း အား ၅၀% အထိ သွင်းနိုင်စွမ်းရှိပါတယ်။

ယာဉ်အတွင်းပိုင်းမှာ 5G စနစ်၊ အသံနဲ့ခိုင်းစေနိုင်တဲ့ assistant၊ အမွှေးရနံ့၊ အပူချိန်နဲ့ သီချင်းတို့ကို ထိန်းချုပ်နိုင်တဲ့ စနစ်တွေပါဝင်ပါတယ်။ သူ့ရဲ့ cloud system က ယာဉ်ကို အလိုအလျောက် စစ်ဆေးတာ၊ အရေးပေါ်ပျံသန်းမှုထိန်းချုပ်ရေးစနစ်တွေနဲ့ အဝေးအာရုံခံကိရိယာတွေနဲ့ မြေပြင်ပေါ်မှာ မောင်းနှင်တာတွေကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။ အရေးပေါ်အခြေအနေတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ဘေးကင်းလုံခြုံရေးအတွက် ယာဉ်မောင်းခန်းကို အဓိကကိုယ်ထည်ကနေ ဖြုတ်ထုတ်နိုင်တဲ့စနစ်လည်း ပါဝင်ပါတယ်။

GAC ကုမ္ပဏီကတော့ လေကြောင်းပျံသန်းမှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ် (airworthiness certification) ရရှိဖို့ ကြိုးပမ်းနေစဉ်အတွင်း စမ်းသပ်ပျံသန်းမှုတွေကို လုပ်ဆောင်နေပါတယ်။ Mass production နဲ့ ဝယ်ယူသူတွေဆီကို ပေးပို့တာတွေကို ၂၀၂၆ ခုနှစ်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။

Ref: Technology Innovation