မေလတုန်းက 10,000 mAh ဘက်ထရီပါတဲ့ ရှေ့ပြေးပုံစံစမတ်ဖုန်းတစ်လုံးကို ပြသခဲ့ပြီးနောက် Realme ဟာ အဲဒီထက်တောင် ပိုကြီးတဲ့ဘက်ထရီနဲ့ တကယ့်ဖုန်းတစ်လုံးကို ထပ်မံမိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

Realme's Next Phone to Feature Massive Battery Exceeding 10,000mAh

Realme ဟာ X ပေါ်က post တစ်ခုမှာ 10,000 mAh ထက်ကြီးတဲ့ ဘက်ထရီနဲ့ ဖုန်းတစ်လုံးကို အရိပ်အမြွက်ပြခဲ့ပါတယ်။ Realme ဟာ အဲဒီဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေကို ဩဂုတ်လ ၂၇ ရက်နေ့မှာ ထပ်မံထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ Realme GT 7 10,000 mAh ဖုန်းမှာ တွေ့ရတဲ့ ဆီလီကွန်-အန်နုဘက်ထရီ နည်းပညာမျိုးကိုပဲ အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။

realme Will Introduce An Even Bigger Smartphone Battery For Its Anniversary Event - Pokde.Net

ကုမ္ပဏီက Realme ရဲ့ ဒုတိယဥက္ကဋ္ဌ Chase Xu က ဘက်ထရီ ကန့်သတ်ချက်တွေကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုတဲ့အကြောင်း ပြောထားတဲ့ teaser video တစ်ခုကိုလည်း တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ video မှာတော့ ထွက်လာမယ့်ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြထားခြင်း မရှိပါဘူး။

မေလကပြသခဲ့တဲ့ concept phone ဟာ 10,000 mAh ဘက်ထရီပါဝင်ပေမယ့် ၈.၅ မီလီမီတာပဲ ထူပြီး   အလေးချိန် ၂၁၅ ဂရမ်ပဲ ရှိပါတယ်။ အခု Realme က ကျွန်တော်တို့အတွက် ဘာတွေပြင်ဆင်ထားလဲဆိုတာနဲ့ ဒီနည်းပညာဟာ ကမ္ဘာ့ဈေးကွက်တွေဆီ တကယ်ရောက်လာမလားဆိုတာကို စောင့်ကြည့်ရမှာကတော့ စိတ်လှုပ်ရှားစရာပါပဲ။

Realme ဟာ အဲဒီဖုန်းအသစ်ကို ဩဂုတ်လ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ 828 Fan Festival မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ပွဲမှာတော့ ကုမ္ပဏီဟာ သူတို့ရဲ့ 320W အမြန်အားသွင်းနည်းပညာကို မိတ်ဆက်ခဲ့ပြီး အဲဒီနည်းပညာဟာ 4,400 mAh ဘက်ထရီတစ်လုံးကို ၅ မိနစ်အောက်နဲ့ အားအပြည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

Ref : gsmarena