ဂျပန်ကုမ္ပဏီ NTT e-Drone Technology က ကြက်ခြံတွေကနေ တောရိုင်းတိရစ္ဆာန်တွေကို ခြောက်လှန့်မောင်းထုတ်ဖို့ လေဆာကွက် ပရိုဂျက်တာတွေသုံးတဲ့ အလိုအလျောက် ဒရုန်းစနစ်တစ်ခုကို တီထွင်လိုက်ပါတယ်။
အဲဒီဒရုန်းဟာ တောဝက်၊ ဆတ်နဲ့ ငှက်တွေလို မလိုလားအပ်တဲ့ တိရစ္ဆာန်တွေရှိရာကို ပျံသန်းသွားပြီး သူတို့ကို အနီရောင်နဲ့ အစိမ်းရောင် လေဆာတွေ ပစ်လွှတ်ပြီး ခြောက်လှန့်မောင်းထုတ်ပါတယ်။
ဒီနည်းပညာဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ကြက်ကောင်ရေ ငါးသန်း သေဆုံးခဲ့ပြီး အစိုးရက အမျိုးသားအစောင့်တပ်တွေပါ ချထားခဲ့ရတဲ့ ချီဘားခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြီးအကျယ် ကြက်ငှက်တုပ်ကွေး ကပ်ရောဂါကို တုံ့ပြန်တဲ့အနေနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒီစနစ်က ဓာတုဆေးသုံး မောင်းထုတ်တာ၊ အစောင့်ခွေးတွေ အသုံးပြုတာနဲ့ ပိုက်ကွန်တွေ ကာရံတာလို ရိုးရာကာကွယ်ရေးနည်းလမ်းတွေကို အစားထိုးဖို့ ရည်ရွယ်ပါတယ်။
ချီဘားခရိုင်အစိုးရက ဒီစနစ်ကို အသုံးပြုဖို့ သုံးသပ်နေပြီး တောင်သူတွေကို ဒရုန်းတွေ သုံးစွဲနိုင်အောင် ကူညီဖို့အတွက် အစိုးရက ထောက်ပံ့ကြေးတွေ ပေးနိုင်ခြေလည်း ရှိနေပါတယ်။
ref : Fossbytes