Shanghai မြို့ရဲ့ နာမည်ကြီး Lujiazui, Pudong New Area က Super Brand Mall အနီးမှာ လူသားဝန်ထမ်း တစ်ယောက်မှ မရှိတဲ့ ဆိုင်တစ်ဆိုင် ပေါ်လာပါပြီ။ “Galbot Shop” လို့ နာမည်ပေးထားပြီး ငွေရောင်ဆေးတောင့်ပုံစံ ဒီဇိုင်းဆန်းဆန်းလေးနဲ့မို့ ဖြတ်သွားဖြတ်လာသူတိုင်း ငေးမောကြည့်နေကြရပါတယ်။
![Visitors stop at the capsule-shaped store run by Galbot. [Photo/Shanghai Observer]](https://media.nationthailand.com/uploads/images/contents/w1024/2026/01/XyXQJH5lmfRydKYOHl7N.webp?x-image-process=style/lg-webp)
၉ စတုရန်းမီတာလောက်ပဲ ကျယ်တဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေးထဲမှာ “Little Gal” လို့ချစ်စနိုးခေါ်တဲ့ စက်ရုပ်လေးကပဲ တစ်ဦးတည်းသော ဝန်ထမ်းအဖြစ် အရာရာကို ဒိုင်ခံလုပ်ပေးနေတာပါ။ သူက ရုပ်တုကြီးလို ငြိမ်နေတာ မဟုတ်ပါဘူး။ “Little Gal ရေ.. ကိုလာတစ်ဘူးလောက် ပေးပါ” လို့ ဝင်ပြောလိုက်တာနဲ့ ချက်ချင်း စကားပြန်ပြောပြီး လက်ကလည်း စင်ပေါ်က ပစ္စည်းကို လှမ်းယူကာ ကောင်တာပေါ် အရောက်ပို့ပေးလိုက်ပါသေးတယ်။
![A customer places an order at the Galbot Shop. [Photo/Shanghai Observer]](https://media.nationthailand.com/uploads/images/contents/w1024/2026/01/rlhGxgKY2aiFaiZZF7Zh.webp?x-image-process=style/lg-webp)
Galbot ကုမ္ပဏီက ဖန်တီးထားတဲ့ ဒီစက်ရုပ်လေးဟာ ပစ္စည်းရောင်းတာ၊ ငွေရှင်းတာတင်မကဘဲ ဖောက်သည်တွေကို ဘာဝယ်သင့်တယ်ဆိုပြီး အကြံပေးတာမျိုးတွေပါ လုပ်နိုင်ပါတယ်။ အမိုက်ဆုံးကတော့ ၂၄ နာရီပတ်လုံး နားရက်မရှိ ဖွင့်ထားတာပါပဲ။ အားကုန်ရင်လည်း သူ့အလိုလို အားပြန်သွင်းပြီး အဝေးကနေလည်း လှမ်းခိုင်းလို့ ရပါသေးတယ်။
ဆိုင်ကသာ သေးတာ ပစ္စည်းစုံပါတယ်။ မုန့်တွေ၊ အချိုရည်တွေကနေ အိမ်သုံးဆေးဝါးတွေအထိ ပစ္စည်း ၃၀၀ ကျော် ရောင်းချပေးနေတာပါ။ တစ်ရက်ကို လူ ၂,၀၀၀ လောက်အထိ ဧည့်ခံနိုင်ပြီး အော်ဒါ ၅၀၀ လောက်ကို သာသာလေး လုပ်ပေးနိုင်တာကြောင့် ဒီနားတစ်ဝိုက် လူစည်ကားမှုနှုန်းကိုတောင် ၃၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်သွားစေခဲ့ပြီ ဖြစ်ပါတယ်။
Ref : Nation Thailand