HONOR ဟာ သူတို့ရဲ့ နောက်ဆုံးထွက် HONOR X9d စမတ်ဖုန်းရဲ့ အံ့မခန်းကြံ့ခိုင်မှုကို သက်သေပြဖို့အတွက် “အမြင့်ဆုံးနေရာကနေ ပြုတ်ကျမှုဆိုင်ရာ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်” တစ်ခုကို ရယူလိုက်နိုင်ပါပြီ။ HONOR X9d ဟာ ၆.၁၃၃ မီတာ (ပေ ၂၀ ကျော်) အမြင့်ကနေ ပြုတ်ကျတာကိုတောင် ကွဲအက်ခြင်းမရှိဘဲ ခံနိုင်ရည်ရှိခဲ့တာကြောင့် “ကွဲအက်ခြင်းမရှိတဲ့ AI စမတ်ဖုန်း” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ စမတ်ဖုန်းလောကမှာ စံချိန်သစ်တစ်ခု တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

HONOR X9 စီးရီးတွေဟာ ခိုင်ခံ့မှုနဲ့ စိတ်ချရမှုအပိုင်းမှာ နာမည်ကြီးပြီးသား ဖြစ်ပါတယ်။ အရင်ကလည်း HONOR Magic V5 ဟာ ၁၀၄ ကီလိုဂရမ် အလေးချိန်ကို မပြီး စံချိန်တင်ခဲ့သလို၊ Philippines နိုင်ငံမှာလည်း HONOR X9c ဖုန်းအလုံးရေ ၂၆၄ လုံးကို တစ်ပြိုင်နက်တည်း ပြစ်ချပြီး စမ်းသပ်ခဲ့တာတောင် တစ်လုံးမှ မကွဲခဲ့ပါဘူး။ အခု HONOR X9d ကတော့ ခေတ်မီပစ္စည်းတွေနဲ့ AI နည်းပညာတွေကို ပေါင်းစပ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ စံချိန်သစ်တစ်ခုကို ထပ်မံရေးထိုးလိုက်တာပါ။

ဒီဖုန်းဟာ SGS Triple-Resistant Premium Performance Certification နဲ့ SGS 5-Star Comprehensive Reliability Certification လက်မှတ်နှစ်ခုစလုံး ရထားတဲ့ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ခြောက်လွှာပါဝင်တဲ့ အကာအကွယ်နဲ့ HONOR Ultra-Bounce Anti-Drop နည်းပညာတွေကြောင့် စကျင်ကျောက်၊ ကတ္တရာလမ်းလို ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေပေါ် ပြုတ်ကျရင်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။
ဒါ့အပြင် ရေနဲ့ ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ IP69K အဆင့်ရှိပြီး ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ကြာ ခံနိုင်ရည်ရှိတဲ့အပြင် ရေအောက် ၆ မီတာအထိတောင် ဓာတ်ပုံရိုက်ကူးလို့ ရပါသေးတယ်။ ရာသီဥတုဆိုးရွားချိန် မိုးသည်းထန်စွာရွာနေရင်လည်း အသုံးပြုလို့ရသလို အနုတ် ၃၀ ဒီဂရီ အအေးဒဏ်ကနေ ၅၅ ဒီဂရီ အပူဒဏ်အထိ ခံနိုင်ရည်ရှိအောင် ဖန်တီးထားပါတယ်။
HONOR ဟာ အရည်အသွေးအမြင့်ဆုံး စံချိန်စံညွှန်းတွေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပြီး သုံးစွဲသူတွေအတွက် ရေရှည်စိတ်ချရမှုကို ဦးစားပေးနေပါတယ်။ HONOR South Africa ရဲ့ CEO ဖြစ်သူ Fred Zhou ကတော့ ဒီစံချိန်ဟာ အရည်အသွေးနဲ့ တီထွင်ဆန်းသစ်မှုအပေါ် ထားရှိတဲ့ သူတို့ရဲ့ ကြိုးပမ်းမှုကို ပြသနေတာဖြစ်ပြီး သုံးစွဲသူတွေလက်ထဲကို တကယ့်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရောက်ရှိစေချင်တာပါလို့ ပြောကြားခဲ့ပါတယ်။
Ref : itweb