ဥရောပသမဂ္ဂ (EU) က ၂၀၂၇ ခုနှစ်မှာ စတင်အသက်ဝင်မယ့် စည်းမျဉ်းသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ စမတ်ဖုန်းတွေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေမှာ ဘက်ထရီကို အလွယ်တကူ လဲလှယ်နိုင်ရမယ်ဆိုတဲ့ အချက်ပါပဲ။ အရင်ခေတ်ကလို ဖုန်းနောက်ဖုံးကို လက်နဲ့ဖြုတ်ပြီး ဘက်ထရီလဲတဲ့ပုံစံမျိုး ပြန်ဖြစ်လာမယ်လို့ လူအများက ထင်နေကြပေမဲ့ တကယ်တမ်းမှာတော့ ထုတ်လုပ်သူတွေက သုံးစွဲသူကိုယ်တိုင် အထူးကိရိယာတွေ မလိုဘဲ အလွယ်တကူ ဖွင့်ပြင်နိုင်အောင် ဖန်တီးပေးရမှာကို ဆိုလိုတာ ဖြစ်ပါတယ်။

EU rules demand easy battery swaps for smartphones by 2027

ဒါပေမဲ့ ဖုန်းတိုင်းတော့ ဒီစည်းမျဉ်းထဲမှာ မပါပါဘူး။ အားအကြိမ် ၁,၀၀၀ သွင်းပြီးတာတောင် ဘက်ထရီသက်တမ်း ၈၀ ရာခိုင်နှုန်း ကျန်နေသေးတဲ့ အရည်အသွေးမြင့်ဖုန်းတွေနဲ့ ရေစိုဖုန်စုပ်ဒဏ်ခံနိုင်တဲ့ IP67 အဆင့်ရှိတဲ့ ဖုန်းတွေကတော့ ဒီဥပဒေကနေ ကင်းလွတ်ခွင့် ရနိုင်ပါတယ်။ အဲဒီအစား အဲဒီဖုန်းတွေက ဆော့ဖ်ဝဲလ် Update ကို အနည်းဆုံး ၅ နှစ် ပေးရမှာဖြစ်သလို ဖုန်းမထုတ်တော့ရင်တောင် နောက်ထပ် ၇ နှစ်အထိ အပိုပစ္စည်းတွေ ရနိုင်အောင် စီစဉ်ပေးရမှာပါ။

Power to the people: Europe mandates battery swaps by 2027

EU က အခုလို တင်းကျပ်တဲ့ ဥပဒေတွေ ထုတ်ရတာကတော့ တစ်နှစ်ကို အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၅ သန်းလောက်အထိ ထွက်နေတာကို လျှော့ချချင်လို့ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းကြောင့် ရှေ့လျှောက် ကျွန်တော်တို့ သုံးမယ့်ဖုန်းတွေဟာ အရင်ကထက် ပိုပြီးတာရှည်ခံလာမှာဖြစ်သလို ဘက်ထရီ နည်းနည်းညံ့တာနဲ့ ဖုန်းအသစ်လဲစရာမလိုဘဲ အလွယ်တကူ ပြုပြင်သုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : Bangkokpost