တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေမှာ လူတူ စက်ရုပ်တွေကို စတင်အသုံးပြုလာကြပါတယ်။ ပေကျင်းမြို့ရှိ ဆေးဆိုင် ၁၀ ဆိုင်ထက်မကမှာ Galbot ရဲ့ G1 စက်ရုပ်တွေကို အသုံးပြုနေပြီး အဲဒီစက်ရုပ်တွေက အော်ဒါလက်ခံတာ၊ ဆေးရှာဖွေပေးတာ၊ ပစ္စည်းစစ်ဆေးတာနဲ့ စင်ပေါ်ဆေးပြန်ဖြည့်တာစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးနိုင်တာကြောင့် ဆေးဆိုင်တွေကို ၂၄ နာရီ အလိုအလျောက် ဝန်ဆောင်မှုပေးနိုင်အောင် ကူညီပေးနေပါတယ်။

How far are robots from actually working on production lines? Galbot's path  to industrial AI · TechNode

G1 စက်ရုပ်မှာ လူလို ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ လက်တံနှစ်ခု ပါဝင်ပေမယ့် လမ်းမလျှောက်ဘဲ ဘီးလေးဘီးပါတဲ့ အောက်ခံခုံနဲ့ သွားလာပါတယ်။ အရပ် ၁ ဒသမ ၇၃ မီတာနဲ့ အလေးချိန် ၉၂ ဒသမ ၅ ကီလိုဂရမ်ရှိပြီး လက်တစ်ဖက်ကို ၅ ကီလိုဂရမ်အထိ သယ်မနိုင်ပါတယ်။ ကင်မရာတွေ၊ LiDAR နဲ့ NVIDIA ရဲ့ AGX Orin ပလပ်ဖောင်းကို တပ်ဆင်ထားတဲ့ အဲဒီစက်ရုပ်ဟာ အားတစ်ခါသွင်းထားရင် ၈ နာရီခန့် အလုပ်လုပ်နိုင်ပါတယ်။

Hong Kong fund strikes another AI deal with Beijing robot maker Galbot to  boost industry | South China Morning Post

ဆေးဆိုင်တွေအပြင် လက်လီဆိုင်တွေ၊ ကုန်လှောင်ရုံတွေနဲ့ စက်ရုံတွေမှာလည်း အဲဒီစက်ရုပ်တွေကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်တွေက လူသားဆေးဝါးကျွမ်းကျင်ပညာရှင်တွေကို အစားထိုးဖို့မဟုတ်ဘဲ ထပ်တလဲလဲလုပ်ရတဲ့ ရုပ်ပိုင်းဆိုင်ရာအလုပ်တွေကိုသာ လုပ်ဆောင်ပေးမှာဖြစ်ပြီး လူသားတွေကတော့ ဆေးစာစစ်ဆေးတာနဲ့ အကြံပြုတာလိုမျိုး ကျွမ်းကျင်မှုပိုင်းဆိုင်ရာ တာဝန်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Ref : Technology Innovation