အီလက်ထရောနစ် စခရင်မျက်နှာပြင်များ ရှေ့မှာ အချိန်အကြာကြီး ကုန်လွန်စေခြင်းက ကလေးငယ်များ၏ အနာဂတ် ပညာရေးနှင့် မှတ်ဉာဏ်စွမ်းရည်ကို သိသိသာသာ သက်ရောက်မှုရှိနေကြောင်း စင်ကာပူနိုင်ငံ၏ သုတေသနသစ်တစ်ရပ် တွင် သတိပေးလိုက်ပါတယ်။ GUSTO မွေးစကလေးငယ်များ လေ့လာစောင့်ကြည့်ရေး စီမံကိန်း၏ အချက်အလက်များအတိုင်း ကလေး ၅၀၂ ဦးကို အသက် ၁ နှစ်မှ ၈ နှစ်အထိ ရေရှည်စောင့်ကြည့်ခဲ့ရာ အသက်ငယ်စဉ် စခရင်ကြည့်ချိန် ပိုများခဲ့သည့် ကလေးများ၏ နောက်ပိုင်းနှစ်များတွင် စာမေးပွဲ ရမှတ်များနှင့် ရေတိုမှတ်ဉာဏ် (working memory) စွမ်းရည်များ ကျဆင်းသွားသည်ကို စိတ်ပျက်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။

Screen time for kids - how to strike the right balance

သုတေသန အချက်အလက်များအရ အသက် ၁ နှစ်အရွယ်တွင် တစ်နေ့လျှင် စခရင်ကြည့်ချိန် ၁ နာရီ ပိုများလာသည်နှင့်အမျှ အသက် ၉ နှစ်အရွယ် ရောက်သည့်အခါ ကျောင်းစာမေးပွဲ ရမှတ် ၁.၄၇ မှတ်အထိ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အသက် ၁၀.၅ နှစ်အရွယ် ရေတိုမှတ်ဉာဏ် စစ်ဆေးမှုများတွင်လည်း အသက် ၁ နှစ်နှင့် ၆ နှစ်အရွယ်က စခရင်ကြည့်ချိန် ပိုမိုခဲ့သည့် ကလေးများမှာ မှတ်ဉာဏ်ရမှတ် ၁ မှတ်ကျော်စီ အသီးသီး လျော့နည်းနေခဲ့တာဖြစ်ပါတယ်။

7 Tips for Reducing Kids' Screen Time | Wee Care Pediatrics

အဆိုပါ ကလေးများ၏ ပျမ်းမျှ စခရင်ကြည့်ချိန်မှာ အသက် ၁ နှစ်တွင် တစ်နေ့ ၂.၁ နာရီခန့် ရှိရာမှ အသက် ၈ နှစ်အရွယ်တွင် ၃ နာရီအထိ တိုးတက်များပြားလာခဲ့တာ ဖြစ်ပါတယ်။ ယခုတွေ့ရှိချက်ကို World Journal of Pediatrics ဂျာနယ်တွင် ဖော်ပြထားပြီး စခရင်ကြည့်ချိန် တစ်ခုတည်းကြောင့် တိုက်ရိုက်ဖြစ်ရသည်ဟု အတိအကျ သက်သေမပြနိုင်သေးသော်လည်း ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည့်အတွက် မိဘများအနေဖြင့် အထူးဂရုပြု သတိထားသင့်ကြောင်း တိုက်တွန်းထားပါတယ်။

Ref : Technology Innovation