တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကားတင်ပို့တဲ့ နိုင်ငံဖြစ်လာပြီးနောက်ပိုင်း ၂၀၂၆ ခုနှစ်မှာ လျှပ်စစ်ကားစက်ရုံတွေကို ခရီးသွားတွေ လည်ပတ်နိုင်ဖို့ ဖွင့်လှစ်ပေးလိုက်ပါတယ်။ အဲဒီ စက်ရုံတွေဆီ လည်ပတ်တာဟာ နိုင်ငံရဲ့ လူကြိုက်အများဆုံး အသစ်ဆန်းဆုံး ခရီးသွားဆွဲဆောင်မှု တစ်ခုဖြစ်လာပါတယ်။ လက်ရှိမှာ Xiaomi, NIO, BYD နဲ့ XPeng တို့လို နာမည်ကြီး လျှပ်စစ်ကားစက်ရုံတွေဆီ နိုင်ငံတကာက ခရီးသွားတွေ လာရောက်လေ့လာနေကြပါတယ်။

Blue robotic arms assembling vehicles inside a Chinese electric vehicle factory

စက်ရုံတစ်ရုံချင်းစီမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရနိုင်ပါတယ်။ Xiaomi စက်ရုံကို သွားရောက်ဖို့အတွက် မဲနှိုက်ရွေးချယ်တဲ့ စနစ်ကို ကျော်ဖြတ်ရမှာဖြစ်ပြီး အခွင့်အရေး ရဖို့ အလွန်ခက်ခဲပါတယ်။ NIO စက်ရုံကတော့ အင်္ဂလိပ်စကားပြောတဲ့ ဧည့်သည်တွေအတွက် အဆင်ပြေဆုံးဖြစ်ပြီး ဘက်ထရီလဲလှယ်တဲ့ နည်းပညာကို လေ့လာနိုင်ပါတယ်။ XPeng စက်ရုံက မိသားစုတွေနဲ့ အဆင်ပြေပြီး ဝင်ခွင့်ရဖို့ လွယ်ကူပေမယ့် BYD စက်ရုံကိုတော့ လက်ရှိမှာ အဖွဲ့လိုက် ကြိုတင်စာရင်းပေးမှသာ ဝင်ရောက်လေ့လာခွင့် ရနိုင်ပါသေးတယ်။

A Chinese EV factory assembly line viewed from a glass visitors' gallery, car bodies moving along the conveyor

နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ အဲဒီ တရုတ်လျှပ်စစ်ကားတွေကို ကိုယ်တိုင် မောင်းနှင်စမ်းသပ်ချင်တယ်ဆိုရင်တော့ ယာယီ ယာဉ်မောင်းလိုင်စင် လျှောက်ထားဖို့ လိုအပ်ပါတယ်။ စက်ရုံတွေနဲ့ အရောင်းပြခန်း အများစုမှာ တရုတ် ယာယီ ယာဉ်မောင်းလိုင်စင် ပြသနိုင်မှသာ ကားမောင်းစမ်းသပ်ခွင့် ပေးလေ့ရှိပါတယ်။ ယာဉ်မောင်းလိုင်စင် မရှိဘူးဆိုရင်လည်း ကားအတွင်းခန်းထဲ ဝင်ထိုင်တာတွေ၊ နည်းပညာပိုင်းဆိုင်ရာ ပြသထားတာတွေကို လေ့လာခွင့် ရနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ခရီးသွားတွေဟာ ယာယီ ယာဉ်မောင်းလိုင်စင်၊ ပတ်စ်ပို့နဲ့ ငွေပေးချေမှုစနစ်တွေ ရှိမယ်ဆိုရင် လျှပ်စစ်ကားတွေကို ငှားရမ်းပြီး ခရီးထွက်နိုင်ပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာ အများပြည်သူသုံး ကားအားသွင်းစခန်းတွေ အများအပြား ရှိပေမယ့် အသုံးပြုဖို့အတွက် တရုတ်ဖုန်းနံပါတ် လိုအပ်လေ့ရှိပါတယ်။ ဒါကြောင့် လျှပ်စစ်ကားငှားရမ်းမယ်ဆိုရင် ကားငှားတဲ့ ကုမ္ပဏီကို ဘယ် အားသွင်းအက်ပလီကေးရှင်း အသုံးပြုရမယ့် အကြောင်း ကြိုတင်မေးမြန်းထားဖို့ လိုအပ်ပါတယ်။

Ref : notesfromchina