အမေရိကန် စစ်တပ်အတွက် အနာဂတ် စစ်ပွဲနည်းပညာတွေကို လေ့လာဆန်းစစ်မယ့် “Project Meridian” စီမံကိန်းကို ဦးဆောင်ဖို့ Elon Musk ကို ပင်တာဂွန်က တာဝန်ပေးလိုက်ပါတယ်။ ဒီစီမံကိန်းမှာ မတ်စ်နဲ့အတူ Anduril ကာကွယ်ရေး ကုမ္ပဏီ တည်ထောင်သူ Palmer Luckey နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Newt Gingrich တို့က ပူးတွဲ ပါဝင်မှာဖြစ်ပြီး ပင်တာဂွန် နည်းပညာအရာရှိချုပ် Emil Michael က အဓိက တာဝန်ယူသွားမှာပါ။
ပင်တာဂွန်က ရက်ပေါင်း ၁၂၀ အတွင်း လေ့လာတွေ့ရှိချက်တွေကို အစီရင်ခံစာ ထုတ်ပြန်ဖို့ သတ်မှတ်ထားပါတယ်။ ဒီဆန်းစစ်မှုမှာ မြေအောက် နက်ရှိုင်းတဲ့နေရာတွေကနေ ကမ္ဘာနဲ့ လစက်ဝန်းကြား ဧရိယာအထိ ပါဝင်မှာဖြစ်ပြီး (AI)၊ အလိုအလျောက်စနစ်များ၊ ရိုဘော့နည်းပညာ၊ စွမ်းအင်သုံး လက်နက်တွေနဲ့ ဇီဝနည်းပညာ စတဲ့ ခေတ်လွန် နည်းပညာတွေကို အဓိကထား လေ့လာသွားမှာပါ။

ဒါ့အပြင် ပင်တာဂွန်ဟာ ဒရုန်းတွေနဲ့ ရိုဘော့စနစ်တွေကို စစ်တပ်တစ်ခွင် တိုးချဲ့အသုံးပြုနိုင်ဖို့ AutoWarCom လို့ခေါ်တဲ့ သီးခြား အလိုအလျောက် စစ်ပွဲဆိုင်ရာ ကွပ်ကဲရေးဌာနတစ်ခုကိုပါ ၂၀၂၇ ခုနှစ် အောက်တိုဘာမှာ စတင်လည်ပတ်ဖို့ ပြင်ဆင်နေပါတယ်။ Project Meridian ဟာ တိုက်ရိုက် လက်နက်တပ်ဆင်မယ့် စီမံကိန်း မဟုတ်ဘဲ နောင်လာမယ့် ဆယ်စုနှစ်တွေအတွင်း ဖြစ်ပေါ်လာမယ့် အနာဂတ် စစ်ပွဲဆိုင်ရာ စွမ်းဆောင်ရည်တွေကို ကြိုတင်တွက်ဆ ပြင်ဆင်တာ ဖြစ်ပါတယ်။
Ref : Technology Innovation
