အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
အလန်းစား Feature တွေ ပါတဲ့ အခပေး Facebook Plus လာပြီ
သတင်း
သတင်း၂၉ မေ ၂၀၂၆

အလန်းစား Feature တွေ ပါတဲ့ အခပေး Facebook Plus လာပြီ

မျှဝေရန်

<p>အခုနှစ်အစောပိုင်းမှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးနောက် Meta ကုမ္ပဏီဟာ Facebook, Instagram, WhatsApp နဲ့ Meta AI</p>

အခုနှစ်အစောပိုင်းမှာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးနောက် Meta ကုမ္ပဏီဟာ Facebook, Instagram, WhatsApp နဲ့ Meta AI တို့အတွက် Premium အခပေး (Subscription) တွေကို လာမယ့်သီတင်းပတ်တွေအတွင်း ကမ္ဘာတစ်ဝန်းမှာ စတင်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

AI နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ပြီးနောက် ဝင်ငွေအသစ်တွေ ပြန်လည်ရရှိဖို့အတွက် အခုလို အခပေးဝန်ဆောင်မှုတွေကို ပြောင်းလဲပြင်ဆင်လာတာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုတွေဟာ အရင်ရှိပြီးသား အကောင့်မှန်ကန်ကြောင်း အပြာရောင်အမှတ်အသားပေးတဲ့ Meta Verified ဝန်ဆောင်မှုနေရာမှာ အစားထိုးမှာ မဟုတ်ပါဘူး။

အသုံးပြုသူတွေ စိတ်ဝင်စားမယ့် ပလက်ဖောင်းတစ်ခုချင်းစီရဲ့ Feature အသစ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Instagram Plus (တစ်လလျှင် ၃.၉၉ ဒေါ်လာ) – Story တစ်ခုကို တစ်ပတ်မှာ တစ်ကြိမ် ထင်ရှားအောင် Spotlight လုပ်နိုင်မယ့်အပြင် Story ပြသချိန်ကို နောက်ထပ် ၂၄ နာရီ သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်လူရဲ့ Story ကို ကြည့်ရှုသူစာရင်းထဲမှာ နာမည်မပေါ်စေဘဲ ခိုးကြည့်နိုင်မယ့် Preview စနစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Facebook Plus (တစ်လလျှင် ၃.၉၉ ဒေါ်လာ) – Facebook နဲ့ Messenger အက်ပလီကေးရှင်း Icon တွေကို မိမိစိတ်ကြိုက် ပြောင်းလဲနိုင်ပြီး Story တွေကို ပုံမှန် ၂၄ နာရီအစား ၄၈ နာရီအထိ သက်တမ်းတိုး ပြသနိုင်မှာ ဖြစ်ပါတယ်။ Story တွေမှာ လှုပ်ရှားသက်ဝင်နေတဲ့ အသည်းပုံ Super Reactions တွေ ပေးနိုင်မှာဖြစ်သလို မိမိ Story ကို ကြည့်ရှုသူတွေကို နာမည်ရိုက်နှိပ် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိ Story ကို ဘယ်နှစ်ကြိမ် ပြန်ကြည့်လဲဆိုတာကို  မြင်တွေ့နိုင်မှာဖြစ်ပြီး သူတပါး Story ကို နာမည်မပေါ်ဘဲ ကြိုတင်ကြည့်ရှုနိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။

WhatsApp Plus (တစ်လလျှင် ၂.၉၉ ဒေါ်လာ) – အရေးကြီးတဲ့ Chat အကောင့်ပေါင်း ၂၀ အထိကို Chat list ရဲ့ အပေါ်ဆုံးမှာ Pin ထိုး သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး Premium စတစ်ကာတွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Meta AI အခပေးဗားရှင်းများ – တစ်လလျှင် ၇.၉၉ ဒေါ်လာကျသင့်မယ့် Meta One Plus နဲ့ ၁၉.၉၉ ဒေါ်လာကျသင့်မယ့် Meta One Premium ဆိုပြီး စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ ဒီဗားရှင်းတွေမှာ Meta AI နဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို ပိုမိုဖန်တီးနိုင်မှာဖြစ်ပြီး အလကားသုံးတဲ့ ဗားရှင်းမှာတော့ Thinking mode နဲ့ ပုံရိပ်ဖန်တီးမှုတွေအတွက် အသုံးပြုမှု ကန့်သတ်ချက်တွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ လာမယ့်လမှာ စင်ကာပူ၊ ဂွာတီမာလာနဲ့ ဘိုလီးဗီးယားနိုင်ငံတွေမှာ စတင်စမ်းသပ်မှာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်များနှင့် Creator များအတွက် ဝန်ဆောင်မှု – Meta Verified အမှတ်အသားပါဝင်မယ့် Meta One Essential ကို ၁၄.၉၉ ဒေါ်လာနဲ့ စမ်းသပ်မှာ ဖြစ်ပါတယ်။ ရှာဖွေမှုတွေမှာ မိမိအကောင့်ကို ထိပ်ဆုံးက ပြပေးမယ့်အပြင် Instagram ပို့စ်တွေနဲ့ Reels ဗီဒီယိုတွေမှာ နှိပ်လို့ရတဲ့ Link တွေ ထည့်သွင်းခွင့်ပြုမယ့် Meta One Advanced ကိုတော့ ၄၉.၉၉ ဒေါ်လာနဲ့ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို လာမယ့်ရက်ပိုင်းအတွင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနဲ့ မော်ရိုကိုနိုင်ငံတွေမှာ စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်ချက်တွေ ပြောင်းလဲလာတာကြောင့် အသုံးပြုသူတွေအနေနဲ့ မိမိတို့ လိုအပ်ချက်အလိုက် ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Meta အနေနဲ့လည်း AI နည်းပညာပိုင်းမှာ Google လို ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဝန်ဆောင်မှုအသစ်တွေကို ဆက်တိုက်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

Ref: Theverge

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media