အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ
<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>
နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့ ပြင်ဆင်နေပါတယ်လို့ Bangkok Post မှာ ဖော်ပြထားပါတယ်။ အဲဒီလို ခေတ်မီဝတ်ဆင်လို့ရတဲ့ ကိရိယာတွေကြောင့် လူတွေ မသိလိုက်ဘဲ လျှို့ဝှက်ရိုက်ကူးတာ၊ ဓာတ်ပုံရိုက်တာနဲ့ ချောင်းမြောင်းနားထောင်တာတွေ ပြုလုပ်လာနိုင်တာက ယခုလို တားမြစ်ဖို့ ဖြစ်လာစေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
နော်ဝေးနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စနစ်ဝန်ကြီးက အဲဒီမျက်မှန်တွေရဲ့ အလွဲသုံးစားလုပ်မှုအပေါ် အထူးစိုးရိမ်နေပြီး ခွင့်ပြုချက်မရှိဘဲ တခြားသူတွေရဲ့ ပုံကို လျှို့ဝှက်ရိုက်ကူးနေကြတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီလူတွေ အများဆုံးအသုံးပြုနေတာက Meta ရဲ့ စမတ်မျက်မှန်တွေ ဖြစ်ပါတယ်။ အဲဒီမျက်မှန်တွေမှာ တပ်ဆင်ထားတဲ့ ကင်မရာနဲ့ မိုက်ခရိုဖုန်းတွေကြောင့် ပတ်ဝန်းကျင်ကလူတွေ မသိရှိနိုင်ဘဲ အလွယ်တကူ မှတ်တမ်းတင်နိုင်တာမို့ အလွန်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် အမြဲတမ်းဥပဒေ မပြဋ္ဌာန်းခင်မှာ ကိုယ်ရေးလုံခြုံမှုအပေါ် သက်ရောက်မှုကို အသေးစိတ်လေ့လာဖို့နဲ့ လူထုဆွေးနွေးပွဲတွေ ပြုလုပ်ဖို့အတွက် အဲဒီလို ယာယီပိတ်ပင်မှုတွေ လိုအပ်တယ်လို့ အစိုးရက ယူဆပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေနဲ့ အားကစားခန်းမ အဝတ်လဲခန်းတွေမှာ ပိတ်ပင်မှုစတင်ကျင့်သုံးသွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပန်းခြံတွေ၊ ကမ်းခြေတွေ၊ ကျောင်းတွေနဲ့ အများပြည်သူနေရာတွေအထိပါ တိုးချဲ့သွားဖို့ ရှိနေပါတယ်။
Ref : Bangkokpost




