အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာ့ပထမဆုံး စက်ရုပ်အပန်းဖြေဥယျာဉ် တောင်ကိုရီးယားမှာ ဖွင့်လှစ်
သတင်း
သတင်း၃၀ မေ ၂၀၂၆

ကမ္ဘာ့ပထမဆုံး စက်ရုပ်အပန်းဖြေဥယျာဉ် တောင်ကိုရီးယားမှာ ဖွင့်လှစ်

မျှဝေရန်

<p>တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gangdong မှာ ကမ္ဘာ့ပထမဆုံး စက်ရုပ်အပန်းဖြေဥယျာဉ်ကြီးဖြစ်တဲ့ “Galaxy Robot Park” ကို</p>

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gangdong မှာ ကမ္ဘာ့ပထမဆုံး စက်ရုပ်အပန်းဖြေဥယျာဉ်ကြီးဖြစ်တဲ့ “Galaxy Robot Park” ကို Galaxy Corporation ကနေ ခမ်းနားစွာ ဖွင့်လှစ်လိုက်ပါတယ်။

စတုရန်းမီတာ ၁၆,၅၀၀ ကျယ်ဝန်းတဲ့ အဲဒီပန်းခြံထဲမှာ လူသားပုံတူစက်ရုပ် (Humanoid) တွေက K-pop သီချင်းတွေနဲ့အညီ ညီညီညာညာ ကပြဖျော်ဖြေမှာဖြစ်သလို လက်ဝှေ့ထိုးတာ၊ ပုံတူပန်းချီဆွဲတာ၊ ကားပါကင်ထိုးပေးတာနဲ့ လာရောက်လည်ပတ်သူတွေကို နှုတ်ဆက်စကားပြောတာမျိုးတွေအထိ ထူးထူးခြားခြား လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

အပန်းဖြေဥယျာဉ်ရဲ့ အဖွင့်ပြပွဲမှာတင် ဆံပင်တုတွေ စွပ်၊ လမ်းဘေးစတိုင်လ် ဖက်ရှင်တွေ ဝတ်ဆင်ထားတဲ့ ကလေးအရွယ် စက်ရုပ်လေးတွေက G-Dragon နဲ့ Taemin တို့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ ကပြခဲ့လို့ လူအများ စိတ်ဝင်စားခဲ့ကြပါတယ်။ အဲဒီဖျော်ဖြေပွဲအတွင်းမှာ စက်ရုပ်တစ်ရုပ် စက်ချို့ယွင်းမှုဖြစ်သွားလို့ စင်ပေါ်ကနေ အရေးပေါ် ဖယ်ရှားလိုက်ရတဲ့ ဖြစ်ရပ်လေးလည်း ရှိခဲ့ပါတယ်။

Galaxy Corporation အနေနဲ့ တစ်နှစ်ကို စက်ရုပ်ဖျော်ဖြေပွဲပေါင်း ၁,၀၀၀ ကျော် ကျင်းပသွားဖို့ စီစဉ်ထားပြီး ပဋိပက္ခဖြစ်ပွားရာဒေသတွေလို သွားလာရခက်ခဲတဲ့ နေရာတွေအထိပါ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ သွားရောက်ဖို့ ရည်မှန်းထားပါတယ်။

ဒါ့အပြင် ရှေ့ဆက်ပြီး စက်ရုပ်ဖက်ရှင်ရှိုးတွေ ကျင်းပတာနဲ့ စက်ရုပ်ဖက်ရှင်အမှတ်တံဆိပ်ပါ ထုတ်လုပ်ဖို့ စီစဉ်နေသလို ပန်းခြံထဲမှာ စက်ရုပ်ခွေးတွေနဲ့ အပြန်အလှန် ဆော့ကစားနိုင်မယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Ref: Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media