အမေရိကန်မှာပဲ အကန့်အသတ်နဲ့ စမ်းသပ်နေတဲ့ Gemini ရဲ့ “Personal Intelligence” feature ကို အခုဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အသုံးပြုသူတွေဆီ တိုးချဲ့ဖြန့်ဝေပေးတော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က အသုံးပြုသူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ပိုပြီး ထိထိရောက်ရောက် နားလည်ပေးနိုင်မယ့် AI အဖြစ် ဖန်တီးပေးမှာပါ။

Photos: Gemini Google

ဒီ Feature ကြောင့် Gemini ဟာ Gmail၊ YouTube၊ Drive နဲ့ Google Maps စတဲ့ ဝန်ဆောင်မှုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ချိတ်ဆက်လိုက်တဲ့အတွက် အသုံးပြုသူရဲ့ အချက်အလက်တွေနဲ့ နောက်ခံအကြောင်းအရာတွေကို အခြေခံပြီး ကိုယ်ရေးကိုယ်တာနဲ့ ပိုမိုကိုက်ညီတဲ့ တုံ့ပြန်မှုတွေကို ပေးနိုင်မှာပါ။

Photos: Gemini Google

ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုအတွက်လည်း ဘယ် app တွေကို Gemini နဲ့ ချိတ်ဆက်မလဲဆိုတာကို အသုံးပြုသူက စိတ်ကြိုက် ထိန်းချုပ်ခွင့် ရှိပါတယ်။ Google ရဲ့ ပြောကြားချက်အရ အသုံးပြုသူတွေအနေနဲ့ မိမိ ခွင့်ပြုထားတဲ့ အချက်အလက်တွေကိုပဲ AI က သိရှိနိုင်မှာဖြစ်ပြီး အဲဒီ access တွေကိုလည်း အချိန်မရွေး အပိတ်အဖွင့် လုပ်လို့ရပါတယ်။

လောလောဆယ်မှာတော့ ဒီ feature ကို Google AI Plus၊ Pro နဲ့ Ultra အစရှိတဲ့ Premium ဝန်ဆောင်မှု ဝယ်ယူထားသူတွေ အရင်ဆုံး စမ်းသပ်သုံးခွင့်ရမှာပါ။ ဒါပေမဲ့ Gemini အခမဲ့ ဗားရှင်း သုံးနေသူတွေအတွက်လည်း မကြာခင်မှာ အားလုံး သုံးနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Ref : Bangkokpost