စတော့ဈေးကွက်ထဲကို သမိုင်းဝင်ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့ အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီဟာ နည်းပညာဘီလူးကြီး Google နဲ့ ကြီးမားတဲ့ သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း  ထုတ်ပြန်လိုက်ပါတယ်။ ဒီစာချုပ်အရ Google ဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၉ ခုနှစ် ဇွန်လအထိ NVIDIA GPU အလုံးပေါင်း ၁၁၀,၀၀၀ နီးပါး အပါအဝင် အဆင့်မြင့်ကွန်ပျူတာစနစ်တွေကို ငှားရမ်းဖို့အတွက် SpaceX ကို တစ်လကို အမေရိကန်ဒေါ်လာ ၉၂၀ မီလီယံ (၁ ဘီလီယံနီးပါး) ပေးချေသွားရမှာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မေလက Anthropic ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့တဲ့ တစ်လ ဒေါ်လာ ၁.၂၅ ဘီလီယံတန် စာချုပ်ပြီးရင် SpaceX အတွက် ဒုတိယမြောက် ရွှေတွင်းကြီး ဖြစ်လာခဲ့တာပါ။

Google to pay SpaceX $920M monthly for compute | News.az

ကမ္ဘာပေါ်မှာ AI ကွန်ပျူတာစွမ်းပကား (Compute) အများဆုံး ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်ခံထားရတဲ့ Google ကိုယ်တိုင် အခုလို လာရောက်ငှားရမ်းရတာဟာ သူတို့ရဲ့ Gemini Enterprise လိုမျိုး AI ထုတ်ကုန်တွေကို သုံးစွဲသူတွေ အလုအယက် အသုံးပြုလာကြလို့ဖြစ်ပါတယ်။ လိုအပ်ချက်က မျှော်လင့်ထားတာထက် အဆမတန် မြင့်တက်လာလို့ ဒါဟာ အရေးပေါ် ဖြည့်ဆည်းရတဲ့ ကာလတို အစီအစဉ်တစ်ခုဖြစ်တယ်လို့ Google က ဆိုပါတယ်။ တစ်ဖက်မှာလည်း Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ဒီနှစ်ထဲမှာတင် AI နည်းပညာတွေအတွက် ဒေါ်လာ ၁၈၀ ဘီလီယံကျော်အထိ အိတ်သွန်ဖန်မှောက် သုံးစွဲနေပြီး လာမယ့် ၂၀၂၇ မှာ ဒီထက်မက ပိုသုံးဖို့ စီစဉ်နေပါတယ်။

Google to pay SpaceX $920M every month for xAI compute - Techzine Global

ဒီသဘောတူညီချက်ဟာ SpaceX ရဲ့ စတော့ရှယ်ယာတွေကို Nasdaq ဈေးကွက်မှာ မရောင်းချမီ တစ်ပတ်အလိုမှာတင် ထွက်ပေါ်လာတာဖြစ်ပြီး SpaceX ဟာ ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၁.၇၅ ထရီလီယံအထိ စံချိန်တင် ရောက်ရှိဖို့ တာစူနေပါတယ်။ တကယ်တော့ Google ဟာ SpaceX မှာ ရေရှည်ရင်းနှီးမြှုပ်နှံထားတဲ့ အဓိကရှယ်ယာရှင်ကြီးဖြစ်ပြီး စတော့ဈေးကွက်တင်ပြီးရင် Google ရဲ့ ပိုင်ဆိုင်မှုကတင် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် တန်ကြေးရှိလာတော့မှာပါ။ ဒါ့အပြင် အခုစာချုပ်မှာ ၂၀၂၆ နှစ်ကုန်နောက်ပိုင်း ရက်ပေါင်း ၉၀ ကြိုတင်အကြောင်းကြားပြီး နှစ်ဖက်စလုံးက စာချုပ်ဖျက်သိမ်းနိုင်ခွင့် ပါဝင်သလို၊ သူတို့နှစ်ခုကြားမှာ ကမ္ဘာပတ်လမ်းကြောင်းပေါ် (အာကာသထဲ) မှာ ဒေတာစင်တာတွေ ဆောက်လုပ်ဖို့အထိပါ အကြီးအကျယ် ကြံစည်နေကြတယ်လို့ သိရပါတယ်။

Ref : Yahoo