Apple ရဲ့ iPhone 18 Pro နဲ့ Pro Max  ဖုန်းသစ်တွေ ဈေးကွက်ထဲ ရောက်ရှိလာပြီး သီတင်းပတ် တစ်ပတ်အကြာမှာပဲ စခရင်ပေါ်မှာ ဒေါင်လိုက် မျဉ်းစိမ်း၊ မျဉ်းပန်းရောင်နဲ့ မျဉ်းနီတွေ ပေါ်လာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဖုန်းကို Full Reset ပြန်လုပ်ရင်တောင် မပျောက်သွားတဲ့ ဒီပြဿနာကို အိန္ဒိယအပါအဝင် နိုင်ငံအများအပြားက သုံးစွဲသူတွေ ကြုံတွေ့နေရတာ ဖြစ်ပြီး အချို့ကိုတော့ Apple  က ဖုန်းအသစ် လဲလှယ်ပေးခဲ့တယ်လို့ သိရပါတယ်။

iPhone 18 Pro users report display lines and unexpected restarts within  days of launch

အဆိုပါ စခရင်ဒုက္ခနဲ့ ပတ်သက်ပြီး သုံးစွဲသူအများစုကတော့ ဖုန်းမှာ တပ်ဆင်ထားတဲ့ Samsung စခရင် Panel တွေကြောင့် ဖြစ်နိုင်တယ်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်ထောက်ပြနေကြပါတယ်။ စခရင် နည်းပညာပိုင်းအရ Samsung  ရဲ့ ကိုယ်ပိုင်ဖုန်းအချို့မှာလည်း အလားတူ ဒေါင်လိုက်မျဉ်းစိမ်းပေါ်တဲ့ ပြဿနာ ကြုံတွေ့ခဲ့ရဖူးတာကြောင့် အခု Apple ရဲ့ စခရင်တွေမှာပါ ရောဂါကူးစက်သွားတာလို့ သုံးသပ်နေကြတာပါ။ ဒါပေမဲ့လည်း ဒီပြဿနာဟာ စခရင် အစိတ်အပိုင်းကြောင့် သေချာပေါက် ဟုတ်မဟုတ်ဆိုတာနဲ့ ဖုန်းအလုံးရေ မည်မျှအထိ ပျံ့နှံ့နေလဲဆိုတာကိုတော့ ခိုင်လုံတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

Some iPhone 18 Pro users are already seeing green and pink lines -  PhoneArena

Apple ဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ အမှန်တော့ ဒီလို စခရင်မှာ မျဉ်းကြောင်းတွေ ပေါ်လာတဲ့ ပြဿနာဟာ iPhone X၊ iPhone 13 နဲ့ iPhone 14 Pro အစရှိတဲ့ ယခင် မော်ဒယ်ဟောင်းတွေမှာလည်း ဖြစ်ပွားခဲ့ဖူးတဲ့ ပြဿနာဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။ iPhone 18 Pro စီးရီးဟာ ဈေးနှုန်း အတော်လေး မြင့်မားပေမယ့် ဈေးကွက်ထဲမှာ ဝယ်လိုအား အလွန်ကောင်းမွန်နေချိန်မှာပဲ အခုလို စခရင်ဆိုင်ရာ သတင်းဆိုးနဲ့ ရင်ဆိုင်လိုက်ရတာ ဖြစ်ပါတယ်။

Ref : news18