Meta ကုမ္ပဏီက Muse Spark မော်ဒယ်တွေနဲ့ အသက်သွင်းထားတဲ့ Muse အမည်ရ ကိုယ်ပိုင် AI အကူအက်ပ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ AI အက်ပ်ဟာ အွန်လိုင်းကနေ ရက်ချိန်းယူတာ၊ ဖောင်ဖြည့်တာနဲ့ အိမ်တွင်းလုံခြုံရေး ကင်မရာတွေကို စောင့်ကြည့်တာ စတဲ့ ဒစ်ဂျစ်တယ် လုပ်ငန်းဆောင်တာတွေကို ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။ သာမန်သုံးစွဲသူတွေအတွက် ရိုးရှင်းလွယ်ကူအောင် ဖန်တီးထားပေမယ့် နောက်ကွယ်မှာတော့ အဆင့်မြင့် ကုဒ်ရေးဆွဲတာတွေနဲ့ ရှုပ်ထွေးတဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေကိုပါ စွမ်းဆောင်နိုင်ပါတယ်။

Meta launches new AI coding tool powered by Muse Spark 1.2 | Reuters

သုံးစွဲသူတွေအနေနဲ့ Muse အက်ပ်ထဲမှာ မိမိတို့ရဲ့ Facebook နဲ့ Instagram အကောင့်တွေက အချက်အလက်တွေ ဒါမှမဟုတ် ဝက်ဘ်ဆိုက်တွေက သတင်းဆောင်းပါးတွေကို စုစည်းဖော်ပြပေးမယ့် Feed ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ AI အကူကို အမေရိကန်မှာရှိတဲ့ သုံးစွဲသူတွေအတွက် iOS၊ Android နဲ့ ဝက်ဘ်ဆိုက်တွေကနေတစ်ဆင့် အသုံးပြုနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ Ray-Ban Meta မျက်မှန်တွေကနေပါ အသုံးပြုနိုင်မှာပါ။ အခမဲ့အသုံးပြုနိုင်တဲ့ အစီအစဉ်အပြင် အသုံးပြုမှုအပေါ် မူတည်ပြီး တစ်လကို ဒေါ်လာ ၂၀ ဒါမှမဟုတ် ဒေါ်လာ ၁၀၀ ပေးသွင်းရမယ့် အစီအစဉ်တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

Meta debuts Muse Spark 1.1 model with preview open to developers | Reuters

Meta ဟာ လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့အချိန်မှာ အခုလို မိတ်ဆက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် Muse အက်ပ်ဟာ ကုမ္ပဏီရဲ့ သီးခြားလုံခြုံရေးစနစ်ထဲမှာပဲ အလုပ်လုပ်တာဖြစ်လို့ သုံးစွဲသူတွေရဲ့ စကားဝှက်တွေ၊ ငွေပေးချေမှု အချက်အလက်တွေကို မြင်တွေ့ရမှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ အချက်အလက်တွေကို AI လေ့ကျင့်ရာမှာ အသုံးမပြုဖို့ တားမြစ်နိုင်ခွင့်လည်း ရှိပါတယ်။

Ref : cnbc