AI နဲ့ စက်ရုပ်တွေက လူသားတွေရဲ့ အလုပ်တွေကို လုယူလာနေပြီဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။ ဒီမေးခွန်းအတွက် Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်က စိတ်ဝင်စားစရာကောင်းတဲ့ အဖြေတစ်ခု ပေးလာပါတယ်။

အဲဒါကတော့ လူတွေနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ AI နဲ့ စက်ရုပ်တွေကို အစိုးရတွေအနေနဲ့ အခွန်ကောက်သင့်တယ်ဆိုတဲ့ အကြံဉာဏ်ပဲ ဖြစ်ပါတယ်။

အရင်ခေတ်က နည်းပညာအပြောင်းအလဲတွေထက်စာရင် အခု AI ခေတ်က အလုပ်အကိုင်ဈေးကွက်ကို ပိုပြီး မြန်မြန်ဆန်ဆန် ခြိမ်းခြောက်လာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။

 

Spot the Watch: Bill Gates and a $50 quartz diver watch :

လက်ရှိ အခွန်စနစ်က လူတွေအစား စက်တွေကို သုံးဖို့ ကုမ္ပဏီတွေကို မသိမသာ တွန်းအားပေးနေသလို ဖြစ်နေတယ်လို့ ဂိတ်စ်က ထောက်ပြပါတယ်။

စဉ်းစားကြည့်ပါ၊ ကုမ္ပဏီတစ်ခုက လူတစ်ယောက်ကို အလုပ်ခန့်ရင် လစာအပြင် လုပ်ခလစာအခွန်တွေ ပေးဆောင်ရပါတယ်။ ဒါပေမဲ့ စက်ရုပ်တစ်ရုပ် ဝယ်သုံးလိုက်ရင်တော့ အဲဒီလို အခွန်တွေ ပေးစရာမလိုတော့ပါဘူး။ ဒါကြောင့် လုပ်ငန်းရှင်တွေက ငွေကြေးပိုတွက်ခြေကိုက်တဲ့ စက်ရုပ်တွေကို ပိုပြီး အသုံးပြုချင်လာကြပါတယ်။

Bill Gates calls for some jobs to be 'Human Reserved,' suggests taxing AI tokens and robots — billionaire says that 'AI era will be one of the most turbulent times in human

ဒီပြဿနာကို ဖြေရှင်းဖို့ စက်ရုပ်တွေနဲ့ AI တိုကင် အသုံးပြုမှုတွေအပေါ်မှာ အခွန်ကောက်ခံသင့်တယ်လို့ သူက အဆိုပြုထားပါတယ်။ အဲဒီကနေ ရရှိလာမယ့် အခွန်ငွေတွေကို အလုပ်လက်မဲ့ ဖြစ်သွားတဲ့သူတွေအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ ပြန်လည်သင်ကြားပေးဖို့နဲ့ လူမှုစောင့်ရှောက်ရေး အစီအစဉ်တွေမှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

အလုပ်အကိုင်တွေ အလုံးအရင်းနဲ့ ပျောက်ဆုံးသွားတဲ့ အကျပ်အတည်းဆီ မရောက်ခင် အစိုးရတွေအနေနဲ့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပြီလို့ ဘီလ်ဂိတ်စ်က အလေးအနက် တိုက်တွန်းထားပါတယ်။

Ref: Technology Innovation