Google က သူ့ Search App ထဲမှာ ပါဝင်တဲ့ AI Mode အတွက် Privacy feature အသစ်တစ်ခု ထည့်သွင်းလိုက်ပါတယ်။ ဒီ feature က Chrome Browser ရဲ့ Incognito Mode နဲ့ ဆင်တူပြီး User တွေရဲ့ Search History ကို မသိမ်းဆည်းဘဲ AI ကို အသုံးပြုနိုင်စေပါတယ်။ User တွေအနေနဲ့ ဒီ Mode ကို ဖွင့်ထားရင် သူတို့ရှာဖွေတဲ့ Query တွေကို Google Account နဲ့ ချိတ်ဆက်မသိမ်းတော့ဘဲ၊ Personalized Results အတွက်လည်း အသုံးမပြုတော့ပါဘူး။

ဒီ feature အသစ်ကို AI Mode ရဲ့ Setting ထဲမှာ လွယ်ကူစွာ ဖွင့်ထားနိုင်ပြီး၊ User တွေအနေနဲ့ Sensitive Topic တွေ၊ Personal Research တွေ ပြုလုပ်တဲ့အခါ Privacy ပိုမိုအာမခံချက်ရရှိစေပါတယ်။ Google ရဲ့ ပြောကြားချက်အရ ဒီလို Temporary Mode မှာ Chat History တွေကို အချိန်အကန့်အသတ်ပြီး Delete လုပ်မှာဖြစ်ပြီး Server ဆီမှာလည်း Long-term သိမ်းဆည်းမှု မရှိတော့ပါဘူး။

AI Mode ဟာ Google Search ထဲမှာ Conversational AI Search Experience ပေးနေတဲ့ Feature ဖြစ်ပြီး၊ Myanmar မှာလည်း User အများအပြား စတင်အသုံးပြုလာကြပါတယ်။ ဒီလို Privacy-focused Feature အသစ်ဟာ AI Search ကို ပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။