အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဆေးလိပ်လိုပဲ စွဲလမ်းစေတဲ့ ဆိုရှယ်မီဒီယာ ဆော့ဖ်ဝဲလ်များကြောင့် တရားစွဲခံရမှု Meta ကုမ္ပဏီ စေ့စပ်ဖြေရှင်း
သတင်း
သတင်း၂၇ မေ ၂၀၂၆

ဆေးလိပ်လိုပဲ စွဲလမ်းစေတဲ့ ဆိုရှယ်မီဒီယာ ဆော့ဖ်ဝဲလ်များကြောင့် တရားစွဲခံရမှု Meta ကုမ္ပဏီ စေ့စပ်ဖြေရှင်း

မျှဝေရန်

<p>ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta  ဟာ ကလေးတွေကို ဆေးလိပ်လိုပဲ စွဲလမ်းအောင် တမင်ပုံစံထုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့</p>

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta  ဟာ ကလေးတွေကို ဆေးလိပ်လိုပဲ စွဲလမ်းအောင် တမင်ပုံစံထုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကင်တပ်ကီပြည်နယ်က စာသင်ကျောင်းတစ်ခုရဲ့ တရားစွဲဆိုထားမှုကို ရုံးတော်မရောက်ခင်မှာပဲ အပြေးအလွှား စေ့စပ်ဖြေရှင်းလိုက်ရပါတယ်။

ကင်တပ်ကီပြည်နယ်က အဲဒီကျောင်းဟာ ဆိုရှယ်မီဒီယာတွေကြောင့် ကျောင်းသားတွေ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုနဲ့ မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ပျက်စီးနေရလို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Meta အပြင် တိခ်တော့ (TikTok)၊ စနက်ပ် (Snap) နဲ့ ယူကျု (YouTube) တို့ပါ အဲဒီကျောင်းနဲ့ လျှို့ဝှက်စေ့စပ်နိုင်ခဲ့ကြပြီး သဘောတူညီချက် အသေးစိတ်ကိုတော့ ထုတ်မပြောဘဲ ဖုံးကွယ်ထားကြပါတယ်။

ဒီတရားစွဲဆိုမှုမှာ ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေး ကုသပေးဖို့နဲ့ ပြဿနာတွေကို ပြန်လည်ကုစားမယ့် ၁၅ နှစ်ကြာ စီမံကိန်းအတွက် ဒေါ်လာ သန်း ၆၀ ကျော်အထိ နစ်နာကြေး တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးတွေကို အက်ပ်ထဲကနေ ရုန်းမထွက်နိုင်အောင် ဖမ်းစားထားတဲ့ “အဆုံးမရှိ အောက်ကို ဆွဲကြည့်လို့ရတဲ့ စနစ် (Infinite scroll)” နဲ့ “ဗီဒီယိုအလိုအလျောက် ပွင့်တဲ့စနစ် (Autoplay)” စတဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး ဖြုတ်ချပေးဖို့ပါ ရှေ့နေတွေက တရားရုံးမှာ ဖိအားပေးခဲ့ပါတယ်။

Metaဘက်ကတော့ ဒီအမှုကို အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး ဆယ်ကျော်သက်တွေ အွန်လိုင်းမှာ ဘေးကင်းဖို့နဲ့ မိဘတွေ ထိန်းချုပ်နိုင်မယ့် စနစ်တွေကိုပဲ အာရုံစိုက် လုပ်ဆောင်တော့မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ Meta အတွက် ကံဆိုးမှုတွေကတော့ ပြီးဆုံးသွားခြင်း မရှိသေးပါဘူး။ အမေရိကန်တစ်ဝန်းက တခြားစာသင်ကျောင်းခရိုင် ၁,၂၀၀ ကျော်ကလည်း ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ဖျက်ဆီးနေပါတယ်ဆိုပြီး ဒီကုမ္ပဏီတွေကို တရားစွဲဖို့ တန်းစီ စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Meta နဲ့  ယူကျုတို့ဟာ လော့စ်အိန်ဂျလိစ်က အလားတူအမှုတစ်ခုမှာ ရှုံးနိမ့်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦးကို ဒေါ်လာ ၆ သန်း ပေးလျော်ခဲ့ရသလို၊ နယူးမက္ကဆီကို ပြည်နယ်မှာလည်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုကို ခွင့်ပြုထားသလို ဖြစ်နေတဲ့အတွက် ဒေါ်လာ ၃၇၅ သန်း အရပ်ဘက် ဒဏ်ငွေဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရဖူးလို့ ဆိုရှယ်မီဒီယာ ဘီလူးကြီးတွေဟာ အကြီးအကျယ် အကျပ်ရိုက်နေပါတယ်။

Ref: The Guardian

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media