အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla
သတင်း
သတင်း၁၂ အောက်တိုဘာ ၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

မျှဝေရန်

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving ဆိုပြီး အပြောင်းအလဲလုပ်လာပါတယ်။ အဲဒီလို ပြောင်းလဲရတာက ဥရောပသမဂ္ဂနိုင်ငံတွေအတွင်းမှာ အလိုအလျှောက်မောင်းနှင်ရေးနည်းပညာအတွက် လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ပိုမိုရရှိလာစေဖို့ အဓိက ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီလို အမည်ပြောင်းလဲထားတဲ့ စာမျက်နှာတွေထဲမှာ ဂျာမနီ၊ စပိန်နဲ့ နယ်သာလန်နိုင်ငံတွေ ပါဝင်နေပြီး ဥရောပဈေးကွက်ကို အဓိက ဦးတည် လုပ်ဆောင်လာတာ တွေ့ရပါတယ်။

မူလအသုံးပြုခဲ့တဲ့ အမည်ဟာ ကားဟာ လူရဲ့ အကူအညီမလိုဘဲ အပြည့်အဝ အလိုအလျှောက်မောင်းနိုင်တယ်လို့ အထင်မှားစေနိုင်တယ်လို့  ဂျာမနီနိုင်ငံက ယူဆခဲ့တာကြောင့် Tesla ဘက်က အခုလို အမည်ပြောင်းပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အမည်သစ် ပြောင်းလဲခဲ့ပေမဲ့လည်း အဲဒီနည်းပညာဟာ ကားကို ကိုယ်တိုင်လုံးဝမောင်းနှင်တဲ့စနစ် မဟုတ်ဘဲ မောင်းနှင်ရာမှာ ကူညီပေးတဲ့စနစ်သာ ဖြစ်ပါတယ်။ ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ အမြဲတမ်း သတိဝီရိယရှိရှိနဲ့ အချိန်မရွေး ကားကို ထိန်းချုပ်ဖို့ အသင့်ပြင်ဆင်ထားရမယ်လို့ Tesla က တိုက်တွန်းပြောကြားထားပါတယ်။

ဥရောပနိုင်ငံတွေမှာ အဲဒီနည်းပညာကို နိုင်ငံပေါင်း ၈ နိုင်ငံက ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။ နောက်ထပ်နိုင်ငံတွေမှာပါ ဆက်လက်တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် ကြိုးပမ်းနေပေမဲ့ အီးယူတစ်ဝန်းလုံးဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကိုတော့ အနည်းဆုံး ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းထားပါတယ်။

Ref : Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆

Vivo X500E ဖုန်းသစ် Bluetooth အသိအမှတ်ပြုလက်မှတ်ရရှိ၊ ထုတ်ဝေမည့်ရက် နီးကပ်လာ

Vivo X500E စမတ်ဖုန်းသစ်သည် Bluetooth SIG အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပြီး ထုတ်ဝေမည့်ရက်နီးကပ်လာကြောင်း သိရပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media