အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဒေတာစင်တာတွေကြောင့် မီးခတွေ ထိုးတက်ကုန်လို့ အမေရိကန်က ခရိုင်တစ်ခုမှာ ဝန်ထမ်းအားလုံး မီးချွေတာရေး အရေးပေါ် ညွှန်ကြား
သတင်း
သတင်း၄ ဇူလိုင် ၂၀၂၆

ဒေတာစင်တာတွေကြောင့် မီးခတွေ ထိုးတက်ကုန်လို့ အမေရိကန်က ခရိုင်တစ်ခုမှာ ဝန်ထမ်းအားလုံး မီးချွေတာရေး အရေးပေါ် ညွှန်ကြား

မျှဝေရန်

<p>ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အစိုးရရုံးတွေနဲ့ ကျောင်းအဆောက်အအုံတွေရဲ့ လျှပ်စစ်ဓာတ်အားခဟာ ၂၄.၉ ရာခိုင်နှုန်း (ခန့်မှန်းခြေ</p>

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး အစိုးရရုံးတွေနဲ့ ကျောင်းအဆောက်အအုံတွေရဲ့ လျှပ်စစ်ဓာတ်အားခဟာ ၂၄.၉ ရာခိုင်နှုန်း (ခန့်မှန်းခြေ ၂၅ ရာခိုင်နှုန်းနီးပါး) အထိ ရုတ်တရက် ထိုးတက်သွားခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်က ဟင်ရီကိုခရိုင်မန်နေဂျာ ဂျွန် ဗီသိုးကပ်စ်  က အစိုးရကျောင်း ဝန်ထမ်းတွေနဲ့ ခရိုင်ဝန်ထမ်းအားလုံး အမြန်ဆုံး လျှပ်စစ်ချွေတာကြဖို့ အရေးတကြီး တောင်းဆိုလိုက်ရပါတယ်။

ဒီလို မီးခတွေ စံချိန်တင် တက်လာတာကြောင့် ခရိုင်ရဲ့ တစ်နှစ်တာ လျှပ်စစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၅ သန်းလောက်အထိ ပိုပြီး ကုန်ကျလာတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ မသုံးတဲ့မီးပိတ်ဖို့၊ အားသွင်းကြိုးတွေ ဖြုတ်ထားဖို့၊ ကွန်ပျူတာတွေ ပိတ်ထားဖို့နဲ့ လေအေးပေးစက် အလုပ်နည်းအောင် လိုက်ကာတွေ ချထားဖို့အပြင် အခန်းအပူပေးစက်တွေ မသုံးကြဖို့ပါ တင်းတင်းကျပ်ကျပ် ညွှန်ကြားထားပါတယ်။

ဒီလို လျှပ်စစ်ခတွေ အဆမတန် တက်လာရတဲ့ နောက်ကွယ်က တရားခံကတော့ ဗာဂျီးနီးယားပြည်နယ်မှာ မကြုံစဖူး လျင်လျင်မြန်မြန် တိုးပွားလာနေတဲ့ ဒေတာစင်တာ (Data Centers) တွေပဲ ဖြစ်ပါတယ်။

ဒီဒေတာစင်တာတွေဟာ လျှပ်စစ်ဓာတ်အားကို ဘီလူးသရဲစီးသလို အမြောက်အမြား သုံးစွဲကြတာပါ။ လက်ရှိ ဗာဂျီးနီးယား ပြည်နယ်တစ်ခုလုံးမှာ ဒေတာစင်တာ ၄၀၀ ကျော်အထိ ရှိနေပြီး အဲဒီအထဲက ဒေတာစင်တာ ၃၇ ခုကတော့ ဒီဟင်ရီကိုခရိုင်ထဲမှာတင် တည်ရှိနေတာ ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားလိုင်း တာဝန်ရှိသူတွေရဲ့ အဆိုအရ ဒေတာစင်တာတွေကြောင့် လျှပ်စစ်ဝယ်လိုအား ကမ္ဘာပျက်မတတ် မြင့်တက်လာတာ၊ စက်သုံးဆီ စရိတ်တွေ ကြီးမြင့်လာတာ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကုန်အကျခံ အဆင့်မြှင့်တင်နေရတာနဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်နေရတာတွေကြောင့် အခုလို မီးခတွေ ပေးစပ်မနိုင်အောင် တက်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

BYD ရဲ့ ကားပြခန်းတွေမှာ ဧည့်သည်တွေကို လူတူစက်ရုပ်တွေက ကြိုဆိုတော့မည်

တရုတ်လျှပ်စစ်ကားကုမ္ပဏီကြီး BYD ဟာ စက်ရုံတွေနဲ့ ကားအရောင်းပြခန်းတွေမှာ အသုံးပြုဖို့အတွက် လူတူစက်ရုပ်ဒီဇိုင်းအသစ်ကို ပြသခဲ့ပါတယ်။

၁၃/၁၀/၂၀၂၆

OnePlus 16 ထွက်ရှိ၊ Snapdragon 8 Elite Extreme Gen 6 နှင့် 9,000 mAh ဘက်ထရီ ပါဝင်

OnePlus 16 ဖုန်းသစ်ကို Snapdragon 8 Elite Extreme Gen 6 chipset၊ 200MP camera နှင့် 9,000 mAh ဘက်ထရီတို့နှင့်အတူ စတင်မိတ်ဆက်လိုက်ပါပြီ။

၁၃/၁၀/၂၀၂၆

iQOO Neo12 ၏ အဓိက Spec များကို တရားဝင်ထုတ်ပြန်

iQOO Neo12 ၏ အဓိက spec များကို တရားဝင်ထုတ်ပြန်လိုက်ပြီး powerful processor၊ စွမ်းအားကောင်း battery နှင့် fast charging technology များ ပါဝင်မှာဖြစ်ပါတယ်။

၁၃/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media