အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
စက်ရုပ်ကန်ချက်ကြောင့် လူသားလွင့်ထွက်သွားတဲ့အတွက် စက်ရုပ်နဲ့ လူသား လက်ဝှေ့ပြိုင်ပွဲကို ရပ်နားခိုင်း
သတင်း
သတင်း၁၀ အောက်တိုဘာ ၂၀၂၆

စက်ရုပ်ကန်ချက်ကြောင့် လူသားလွင့်ထွက်သွားတဲ့အတွက် စက်ရုပ်နဲ့ လူသား လက်ဝှေ့ပြိုင်ပွဲကို ရပ်နားခိုင်း

မျှဝေရန်

<p>စန်ဖရန်စစ္စကိုမြို့မှာ ဆိုရှယ်မီဒီယာ အင်ဖလူဝမ်ဆာ ဖရန်ကီ လာပီနာနဲ့ တာမီနေးတာပုံစံ လူတူစက်ရုပ်တွေ ထိုးသတ်ခဲ့ကြတဲ့ ကမ္ဘာ့ပထမဆုံးလူနဲ့ စက်ရုပ်</p>

စန်ဖရန်စစ္စကိုမြို့မှာ ဆိုရှယ်မီဒီယာ အင်ဖလူဝမ်ဆာ ဖရန်ကီ လာပီနာနဲ့ တာမီနေးတာပုံစံ လူတူစက်ရုပ်တွေ ထိုးသတ်ခဲ့ကြတဲ့ ကမ္ဘာ့ပထမဆုံးလူနဲ့ စက်ရုပ် တိုက်ခိုက်ယှဉ်ပြိုင်တဲ့ပွဲ တစ်ခုက လူအများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို Robot Entertainment Kombat (REK) လို့ခေါ်တဲ့ ကုမ္ပဏီက ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီး လာပီနာဟာ ခြောက်ပေခန့်အမြင့်ရှိ စက်ရုပ်အပါအဝင် လူတူစက်ရုပ် သုံးခုနဲ့ ရင်ဆိုင်ထိုးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

https://x.com/REK/status/2101771246962938155?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E2101771246962938155%7Ctwgr%5E49129e39cb958c5dd4a9524bed859f9050cf8452%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fwww.ndtv.com%2Foffbeat%2Fus-influencer-fights-6-foot-robot-in-worlds-first-human-vs-terminator-match-12075699

ပြိုင်ပွဲအတွင်းမှာ စက်ရုပ်တစ်ရုပ်ရဲ့ အပြင်းအထန် ကန်ထုတ်မှုကြောင့် လာပီနာတစ်ယောက် လှောင်အိမ်ဘက်ဆီကို အရှိန်နဲ့ လွင့်စင်သွားခဲ့ရပါတယ်။ တကယ်တော့ အဲဒီစက်ရုပ်တွေဟာ သူ့အလိုလို အလုပ်လုပ်နေတာ မဟုတ်ဘဲ လူတွေက VR ပစ္စည်းကိရိယာတွေကို အသုံးပြုပြီး အဝေးကနေ တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ထူးဆန်းပြီး စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် ကယ်လီဖိုးနီးယား ပြည်နယ် အားကစားကော်မရှင်ဘက်ကတော့ REK နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီကို သတိပေးစာ ပေးပို့ခဲ့ပါတယ်။ လိုအပ်တဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုင်စင်မရှိဘဲ လူပါဝင်တဲ့ လက်ဝှေ့ပွဲတွေ ဒါမှမဟုတ် Mixed Martial Art ပြိုင်ပွဲတွေကို ပြည်နယ်တွင်းမှာ ကျင်းပတာ၊ ကြော်ငြာတာတွေ မလုပ်ဖို့   တင်းတင်းကျပ်ကျပ် တားမြစ်ညွှန်ကြားခဲ့ပါတယ်။

Ref : Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media