အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
မောင်းသူမဲ့ တက္ကစီ အစီး ၅၀ ကျော် တစ်ဖက်ပိတ်လမ်းထဲ အုပ်စုလိုက်တိုးမိလို့ အတ်တလန်တာမှာ ရုန်းရင်းဆန်ခတ်ဖြစ်
သတင်း
သတင်း၁၇ မေ ၂၀၂၆

မောင်းသူမဲ့ တက္ကစီ အစီး ၅၀ ကျော် တစ်ဖက်ပိတ်လမ်းထဲ အုပ်စုလိုက်တိုးမိလို့ အတ်တလန်တာမှာ ရုန်းရင်းဆန်ခတ်ဖြစ်

မျှဝေရန်

<p>အမေရိကန်နိုင်ငံ အတ်တလန်တာမြို့က Battleview Drive လူနေရပ်ကွက်ထဲကို မနက်အစောပိုင်းကြီး Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့ တက္ကစီ</p>

အမေရိကန်နိုင်ငံ အတ်တလန်တာမြို့က Battleview Drive လူနေရပ်ကွက်ထဲကို မနက်အစောပိုင်းကြီး Waymo ကုမ္ပဏီရဲ့ မောင်းသူမဲ့ တက္ကစီ  အစီးရေ ၅၀ ကျော်ဟာ တစ်ဖက်ပိတ်လမ်းထဲ အုပ်စုလိုက်ကြီး တိုးဝင်လာပြီး ပတ်ချာလည်မောင်းနေခဲ့လို့ ဒေသခံတွေ အိပ်ရာကနိုးနိုးချင်း ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။

ကားမောင်းသမားမပါတဲ့ ဒီကားအုပ်ကြီးဟာ လူနေရပ်ကွက်ထဲမှာ လမ်းတွေပိတ်ဆို့ ဆူညံနေစေရုံတင်မကဘဲ ရပ်ကွက်ထဲက ကလေးငယ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို တိုက်မိမှာလားဆိုပြီး ဒေသခံတွေက ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက်ပါ အတော်လေး စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

အခြေအနေက ပိုဆိုးသွားတာကတော့ ဒေသခံတချို့က ကားတွေမဝင်လာအောင် လမ်းပိတ်ဆို့တဲ့ ဆိုင်းဘုတ်တွေ စိုက်ထူပြီး တားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် အဲဒီစက်ရုပ်ကားတွေရဲ့ AI စနစ်က လမ်းကြောင်းကို မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ ကွေ့တဲ့နေရာတွေမှာတင် တစ်ဆို့ကုန်လို့ ရပ်ကွက်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ရပါတယ်။

ရပ်ကွက်သားတွေက သူတို့အနေနဲ့ နည်းပညာကို မုန်းတီးနေတာမဟုတ်ပေမယ့် ခရီးသည်လည်းမပါဘဲ လူနေရပ်ကွက် လမ်းကျဉ်းလေးတွေထဲမှာ အခုလို လာပတ်မောင်းနေမယ့်အစား လမ်းမကြီးတွေပေါ်မှာပဲ သွားမောင်းစေချင်တယ်လို့ ဝေဖန်ပြောဆိုထားကြပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်ပြီး Waymo ကုမ္ပဏီက လူထုရဲ့ ဝေဖန်ချက်တွေကို ကြားသိရပြီး ကားတွေရဲ့ လမ်းကြောင်းရွေးချယ်မှု စနစ်ကို အရေးပေါ် ပြင်ဆင်နေပါတယ်လို့ ထုတ်ပြန်လာပါတယ်။

ဒါပေမဲ့ အတ်တလန်တာမြို့မှာ ဒီလို မောင်းသူမဲ့ကားတွေကြောင့် အုန်းအုန်းထကြွ ပြဿနာတက်တာဟာ ဒါပထမဆုံးအကြိမ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မီးပွိုင့်တစ်ခုမှာ မောင်းသူမဲ့တက္ကစီ ၃ စီး ပြိုင်တူပိတ်မိပြီး လမ်းပိတ်ဆို့မှု အကြီးအကျယ် ဖြစ်ပွားခဲ့ဖူးတဲ့အတွက် ဒီနည်းပညာက တကယ်ပဲ စိတ်ချရရဲ့လားဆိုပြီး အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။

Ref: Khaosod

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media