ChatGPT အက်ပ်မှာ Android သုံးစွဲသူများအတွက် ကျန်းမာရေးဒေတာများကို တိုက်ရိုက်ချိတ်ဆက်အသုံးပြုနိုင်မည့် Google Health integration အင်္ဂါရပ်အသစ်တစ်ခုကို စမ်းသပ်နေကြောင်း တွေ့ရှိရပါတယ်။ ဒီအင်္ဂါရပ်က Android သုံးစွဲသူများ အများကြီး စောင့်မျှော်နေတဲ့ feature တစ်ခု ဖြစ်ပါတယ်။
ယခုအချိန်အထိတော့ ChatGPT ရဲ့ iOS ဗားရှင်းမှာ Apple Health နဲ့ ချိတ်ဆက်ထားပြီးသားဖြစ်ပေမယ့် Android ဖုန်းသုံးစွဲသူများအတွက်တော့ ထိုကဲ့သို့ ချိတ်ဆက်မှု မရှိခဲ့ပါဘူး။ Code analysis များအရ ChatGPT app ထဲတွင် Google Health Connect platform နဲ့ ချိတ်ဆက်နိုင်မယ့် feature ကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ၎င်းအားဖြင့် Google Fit၊ Samsung Health နှင့် အခြား health tracking apps များမှ ဒေတာများကို ChatGPT ထဲသို့ ဆွဲယူအသုံးပြုနိုင်မယ့် အလားအလာ ရှိနေပါတယ်။
ဒီ feature ပြည့်စုံစွာ ထွက်ရှိလာပါက သုံးစွဲသူများဟာ ChatGPT ကို အသုံးပြုပြီး သူတို့ ကိုယ်ကာယလေ့ကျင့်မှု၊ အိပ်ရေးပုံစံ၊ ကယ်လိုရီစားသုံးမှု စတဲ့ ဒေတာများကို AI ဆီကတဆင့် analyze လုပ်ပြီး ကိုယ်ပိုင် ကျန်းမာရေး အကြံပြုချက်များ ရယူနိုင်မယ့် အခွင့်အလမ်း ရှိလာမှာ ဖြစ်ပါတယ်။ OpenAI ကနေ ဒီအင်္ဂါရပ်ကို အတည်ပြုခြင်း မရှိသေးသော်လည်း ChatGPT ကို နေ့စဉ် အသုံးပြုနေသူများ များပြားတဲ့ မြန်မာနိုင်ငံအတွက်လည်း စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။


