Android fone သုံးစွဲသူတွေအတွက် စိုးရိမ်စရာကောင်းတဲ့ သတင်းတစ်ခုအနေနဲ့ Chrome browser ထဲက bug တစ်ခုနဲ့ Qualcomm Snapdragon GPU ထဲက အားနည်းချက်တွေကို ပေါင်းစပ်အသုံးပြုပြီး hacker တွေက user ဘက်က ဘာမှ click လုပ်စရာ၊ tap လုပ်စရာမလိုဘဲ Android ဖုန်းတွေထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ခဲ့ကြောင်း Android Authority က ဖော်ပြထားပါတယ်။ ဒီလို zero-click attack မျိုးက user ရဲ့ သတိမထားမိတဲ့ ကြားထဲက device security ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အလွန်အန္တရာယ်များပါတယ်။
ဒီ vulnerability ကို research team တွေက တွေ့ရှိခဲ့ပြီး Chrome ရဲ့ rendering engine အတွင်းက memory handling bug တစ်ခုနှင့် Snapdragon GPU driver ထဲက flaw တွေကို ပေါင်းစပ်အသုံးပြုကာ malicious code ကို execute လုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီ attack chain ကို Google နဲ့ Qualcomm တို့က အလျင်အမြန် patch ထုတ်ပြီး ဖြေရှင်းပေးခဲ့ပါတယ်။
Myanmar မှာ Xiaomi၊ Redmi၊ vivo နှင့် Oppo လို brand တွေက Snapdragon chipset တွေကို အများဆုံးသုံးထားတဲ့အတွက် ဒီ vulnerability က user သန်းနဲ့ချီကို သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် budget phone တွေနှင့် mid-range phone တွေမှာ Snapdragon GPU ကို အများဆုံးသုံးထားတာဖြစ်လို့ Myanmar market အတွက် ဒီ issue က အရေးကြီးပါတယ်။
User တွေအနေနဲ့ Chrome browser ကို latest version အဖြစ် update လုပ်ထားဖို့နဲ့ system software update တွေကို ချက်ချင်း install လုပ်ဖို့ အကြံပြုထားပါတယ်။ ဒီလို zero-click attack တွေက ပိုမိုများပြားလာနေသောကြောင့် regular software update ပြုလုပ်ခြင်းက device security အတွက် အရေးကြီးဆုံး ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။



