အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
အိန္ဒိယမှာ Starlink ဝန်ဆောင်မှု ပိတ်ပင်ခံထားရမှုအပေါ် အီလွန်မက်စ် ပြစ်တင်ဝေဖန်
သတင်း
သတင်း၉ အောက်တိုဘာ ၂၀၂၆

အိန္ဒိယမှာ Starlink ဝန်ဆောင်မှု ပိတ်ပင်ခံထားရမှုအပေါ် အီလွန်မက်စ် ပြစ်တင်ဝေဖန်

မျှဝေရန်

<p>အိန္ဒိယနိုင်ငံမှာ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှု စတင်နိုင်ခြင်း မရှိသေးတာဟာ အိန္ဒိယ ပြည်သူတွေအပေါ် ဈေးကွက်ကြီးစိုးထားတဲ့ သူဌေးကြီးတွေရဲ့</p>

အိန္ဒိယနိုင်ငံမှာ Starlink ဂြိုလ်တုအင်တာနက် ဝန်ဆောင်မှု စတင်နိုင်ခြင်း မရှိသေးတာဟာ အိန္ဒိယ ပြည်သူတွေအပေါ် ဈေးကွက်ကြီးစိုးထားတဲ့ သူဌေးကြီးတွေရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် ဖြစ်တယ်လို့ စပေ့အက်စ် (SpaceX) ပိုင်ရှင် အီလွန်မက်စ်  က X လူမှုကွန်ရက်မှာ ရေးသားစွပ်စွဲလိုက်ပါတယ်။ အဲဒီလို တားဆီးမှုတွေဟာ အိန္ဒိယပြည်သူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတစ်ခု ဖြစ်တယ်လို့လည်း မက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အီလွန်မက်စ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယ ပြန်ကြားရေးဆိုင်ရာ စာနယ်ဇင်းဗျူရို (PIB) က မေးခွန်းထုတ်မှုတွေ တုံ့ပြန်ခဲ့ရာမှာ လုပ်ငန်းလိုင်စင် ရယူလိုတဲ့ ကုမ္ပဏီတိုင်းဟာ အမျိုးသား လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာရမှာ ဖြစ်ပြီး အစိုးရအနေနဲ့ မည်သည့်ကုမ္ပဏီကိုမှ ခွဲခြားဆက်ဆံခြင်း မရှိဘဲ မျှတတဲ့ မူဝါဒအတိုင်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ်။ အဲဒီအပြင် အတိုက်အခံ နိုင်ငံရေးသမားတွေကလည်း သက်ဆိုင်ရာ သူဌေးကြီးတွေရဲ့ အမည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုဖို့ မက်စ်ကို တောင်းဆိုခဲ့ကြပါတယ်။

လက်ရှိမှာ Starlink အနေနဲ့ အိန္ဒိယမှာ ဝန်ဆောင်မှုပေးနိုင်ဖို့ လိုအပ်တဲ့ မြေပြင်အခြေခံ အဆောက်အအုံတွေ ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နယ်စပ်ဒေသ အချက်အလက် လုံခြုံရေးဆိုင်ရာ စိစစ်ချက်တွေအပါအဝင် နောက်ဆုံးအဆင့် လုံခြုံရေး ခွင့်ပြုချက်တွေကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

Ref : medianama

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media