အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
၂၀၂၇ ခုနှစ်မှာ ထွက်ပေါ်လာမယ့် နည်းပညာ Trend များ
သတင်း
သတင်း၉ အောက်တိုဘာ ၂၀၂၆

၂၀၂၇ ခုနှစ်မှာ ထွက်ပေါ်လာမယ့် နည်းပညာ Trend များ

မျှဝေရန်

<p>Bangkok Post   သတင်းမှာ ဖော်ပြထားချက်အရ Gartner ကုမ္ပဏီက ၂၀၂၇ ခုနှစ်နဲ့ နောက်ပိုင်းမှာ ခေတ်စားလာမယ့်</p>

Bangkok Post   သတင်းမှာ ဖော်ပြထားချက်အရ Gartner ကုမ္ပဏီက ၂၀၂၇ ခုနှစ်နဲ့ နောက်ပိုင်းမှာ ခေတ်စားလာမယ့် အဓိက နည်းပညာ trend တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ကောက်နုတ်ဖော်ပြထားပါတယ်။

🛑စာသားအခြေမပြု AI များ ထွက်ပေါ်လာခြင်း (Non-Text AI Frontier) – စာသားအခြေပြု Gen AI (LLM) တွေကနေတစ်ဆင့် သင်္ချာ၊ စာရင်းအင်းနဲ့ ရူပဗေဒဆိုင်ရာ တွက်ချက်မှုတွေကို တိကျစွာ ဆောင်ရွက်နိုင်မယ့် Large Quantitative Models (LQM)၊ စကားပြောဆိုမှုရဲ့ လေသံနဲ့ စိတ်ခံစားမှုတွေကို ခွဲခြားသိရှိနိုင်မယ့် Speech Reasoning Models နဲ့ လက်တွေ့ဝန်းကျင်ကို အတုယူဖန်တီးနိုင်မယ့် World Models စတဲ့ နည်းပညာတွေဆီ ကူးပြောင်းလာပါမယ်။

🛑AI Agents များကို ထိန်းချုပ်ကွပ်ကဲခြင်း (Trustworthy Autonomous Systems) – AI agent တွေက အလိုအလျောက် ပိုမိုလုပ်ဆောင်လာနိုင်တာကြောင့် ကုမ္ပဏီတွေအနေနဲ့ Data လက်လှမ်းမီမှုနဲ့ လုပ်ပိုင်ခွင့်နယ်ပယ်တွေကို ထိန်းချုပ်ဖို့ AI context platforms တွေနဲ့ Coding harnesses တွေ လိုအပ်လာပါမယ်။ ဒါ့ပြင် AI agent တွေ လုံခြုံရေးကျိုးပေါက်မှုကို ကာကွယ်ဖို့ Identity သတ်မှတ်ခြင်းနဲ့ အလိုအလျောက် လုံခြုံရေး ပြင်ဆင်သည့် စနစ်များ ထားရှိလာရပါမယ်။

🛑ကြံ့ခိုင်မှုရှိသော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း (Resilient Infrastructure) – ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ဒေတာနဲ့ စနစ်တွေကို မိမိဘာသာ စီမံနိုင်မယ့် Sovereign technology၊ သုံးပြီးရင် ဖျက်ဆီးပစ်နိုင်မယ့် Disposable applications တွေ ပေါ်ပေါက်လာပါမယ်။ အနာဂတ်မှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အဆမတန် လျှော့ချပေးနိုင်မယ့် Wetware as a Service (Biological computing) နည်းပညာလည်း ပါဝင်လာပါမယ်။

Ref : Bangkokpost

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media