Google ရဲ့ AI assistant ဖြစ်တဲ့ Gemini မှာ eSIM setup process ကို အလိုအလျောက် စတင်ပေးနိုင်မယ့် connector အသစ်တစ်ခုကို Android Authority ရဲ့ APK teardown မှာ တွေ့ရှိခဲ့ပါတယ်။ ယခုအချိန်ထိ development stage မှာပဲ ရှိနေသေးပေမယ့် ရိုးရှင်းတဲ့ prompt အနည်းငယ်ပဲ ပေးလိုက်ရင် eSIM installation ကို Gemini က စတင်လုပ်ဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် eSIM setup ဆိုတာ QR code scan လုပ်ရတာ၊ carrier app ထဲကနေ activation code ရှာရတာ၊ settings menu အသီးသီးကို ရှာဖွေ navigate လုပ်ရတာမျိုးတွေနဲ့ ရှုပ်ထွေးတတ်ပါတယ်။ user တော်တော်များများအတွက် ဒီ process ကိုယ်တိုင် ဒီထက်ရှင်းလင်းစေချင်ကြပါတယ်။ Gemini ရဲ့ connector အသစ်က ဒီလို manual steps တွေကို လျှော့ချပေးပြီး voice command (ဒါမှမဟုတ် text) တစ်ခုတည်းနဲ့ setup process ကို trigger လုပ်ပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ယခုအချိန်မှာတော့ feature ဟာ early-stage development မှာပဲ ရှိသေးပြီး official launch date မသိရသေးပါ။ သို့သော် ဒီလို AI-driven automation feature တွေဟာ Myanmar ရဲ့ growing Gemini user base နဲ့ smartphone market အတွက် အကျိုးရှိနိုင်ပါတယ်။ eSIM ကို ပိုမိုအသုံးပြုလာတဲ့ user တွေအနေနဲ့ ရှုပ်ထွေးတဲ့ setup process မလိုတော့ဘဲ Gemini ကိုပဲ အားကိုးနိုင်တော့မှာပါ။