အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
စက်ရုံအလုပ်သမားဘဝ ကနေ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့အကြား ထိုင်ခုံနေရာရခဲ့တဲ့ အမျိုးသမီးဖြစ်လာသူ (ကျိုးချန်ဖေး)
သတင်း
သတင်း၁၆ မေ ၂၀၂၆

စက်ရုံအလုပ်သမားဘဝ ကနေ တင်မ်ကွတ်နှင့် အီလွန်မတ်စ်တို့အကြား ထိုင်ခုံနေရာရခဲ့တဲ့ အမျိုးသမီးဖြစ်လာသူ (ကျိုးချန်ဖေး)

မျှဝေရန်

<p>တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲမှာ အိုင်ဖုန်းမှန်ချပ်တွေ ထုတ်လုပ်တဲ့ Lens Technology</p>

တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲမှာ အိုင်ဖုန်းမှန်ချပ်တွေ ထုတ်လုပ်တဲ့ Lens Technology ကုမ္ပဏီရဲ့ အကြီးအကဲ ကျိုးချန်ဖေး (Zhou Qunfei) ဟာ အားလုံးက အားကျရလောက်တဲ့ နေရာတစ်ခုမှာ ထိုင်ခုံရရှိခဲ့ပါတယ်။

သူမဟာ တရုတ်နဲ့ အမေရိကန်က ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများစွာ တက်ရောက်ခဲ့တဲ့ အဆိုပါပွဲကြီးမှာ သူမရဲ့ အရေးအကြီးဆုံး ဖောက်သည်ကြီးနှစ်ဦးဖြစ်တဲ့ Apple CEO တင်မ်ကွတ် (Tim Cook) နဲ့ Tesla တည်ထောင်သူ အီလွန်မတ်စ် (Elon Musk) တို့ရဲ့အလယ်မှာ ထိုင်ခုံနေရာရရှိခဲ့လို့ လူပြောများနေတာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာက ဘီလီယံနာသူဌေးကြီးတွေကြားထဲမှာ ဝင်ဆံ့နေတဲ့ ကျိုးချန်ဖေးရဲ့ ဘဝဇာတ်ကြောင်းကတော့ တကယ့်ကို ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

သူမဟာ ၁၉၇၀ ပြည့်နှစ်မှာ ဟူနန်ပြည်နယ်က ဆင်းရဲလွန်းတဲ့ ကျေးလက်မိသားစုကနေ မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာတင် ကျောင်းထွက်ကာ ရှန်ကျန်းမြို့က စက်ရုံတွေမှာ အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် ၁၉၉၃ ခုနှစ်မှာတော့ ဆွေမျိုးအချို့နဲ့အတူ လက်ပတ်နာရီမှန်ပေါ်မှာ ပုံနှိပ်တဲ့ လုပ်ငန်းအသေးလေးတစ်ခုကို ကိုယ်ထူကိုယ်ထ စတင်တည်ထောင်ခဲ့ပြီး နောက်ဆယ်စုနှစ်တစ်ခုအကြာမှာ Lens Technology ကုမ္ပဏီကြီး ဖြစ်လာခဲ့ပါတယ်။

၂၀၀၇ ခုနှစ် အိုင်ဖုန်းစတင်မိတ်ဆက်ချိန်မှာ Apple ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ထဲမှာ မှန်ချပ်ပံ့ပိုးသူအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီးနောက် သူမရဲ့ကုမ္ပဏီဟာ ကမ္ဘာကျော်သွားခဲ့တာပါ။

အိုင်ဖုန်း ကမ္ဘာတစ်ဝှမ်း အောင်မြင်လာတာနဲ့အမျှ Apple ဟာ Lens ကုမ္ပဏီရဲ့ အကြီးဆုံးဖောက်သည် ဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ကုမ္ပဏီကို စတော့အိတ်ချိန်းမှာ စာရင်းသွင်းနိုင်ခဲ့တာကြောင့် ကျိုးချန်ဖေးဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ ဟောင်ကောင်စတော့အိတ်ချိန်းအထိပါ လုပ်ငန်းတိုးချဲ့ စာရင်းသွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ စတော့ဈေးကွက်ပိတ်ချိန်မှာတော့ Lens ကုမ္ပဏီရဲ့ ရှန်ကျန်းစတော့ရှယ်ယာတန်ဖိုးဟာ ၅.၉ ရာခိုင်နှုန်းနီးပါး ထပ်မံမြင့်တက်ခဲ့ပြီး ကုမ္ပဏီတစ်ခုလုံးရဲ့ ကာလပေါက်ဈေးတန်ဖိုးဟာ ယွမ် ၁၈၀.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆.၆ ဘီလီယံ) ခန့်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Ref: South China Morning Post

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media