အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
ဝင်ရောက်ရန်သတိပေးချက်
Microsoft က AI Laptop အသစ်ကို  မိတ်ဆက်
သတင်း
သတင်း၁၀ အောက်တိုဘာ ၂၀၂၆

Microsoft က AI Laptop အသစ်ကို  မိတ်ဆက်

မျှဝေရန်

<p>Microsoft ကုမ္ပဏီဟာ Apple's MacBook Pro ရဲ့ ပြိုင်ဘက်အဖြစ် အလွန်အားကောင်းတဲ့ Microsoft Surface</p>

Microsoft ကုမ္ပဏီဟာ Apple's MacBook Pro ရဲ့ ပြိုင်ဘက်အဖြစ် အလွန်အားကောင်းတဲ့ Microsoft Surface Laptop Ultra  လို့ခေါ်တဲ့ AI လက်ပ်တော့အသစ်တစ်လုံးကို မိတ်ဆက်ရောင်းချလိုက်ပါတယ်။ အဲဒီလက်ပ်တော့မှာ NVIDIA ရဲ့ အဆင့်မြင့် ချစ်ပ်ပြားတွေနဲ့အတူ Memory 128GB အထိနဲ့ သိုလှောင်နိုင်စွမ်း 2TB အထိ ထည့်သွင်းပေးထားပြီး ပရိုဂရမ်မာတွေနဲ့ AI ဖန်တီးသူတွေအတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အဲဒီစက်ပစ္စည်းဟာ ပေါ့ပါးတဲ့ဒီဇိုင်းနဲ့အတူ ပါရာမီတာ ၁၂၀ ဘီလီယံကျော်ပါတဲ့ ဒေသတွင်း AI အေးဂျင့်တွေကို ချောမွေ့စွာ လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ၁၅ လက်မအရွယ် PixelSense Ultra မျက်နှာပြင်နဲ့အတူ ဘက္ထရီသက်တမ်း ၁၂ နာရီကျော် အသုံးပြုနိုင်ပြီး အခြားသော ချိတ်ဆက်မှု ပုံစံမျိုးစုံကိုလည်း ထည့်သွင်းပေးထားပါတယ်။

အဲဒီ AI လက်ပ်တော့အသစ်ရဲ့ မူလဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂,၅၉၉ ကနေ စတင်ဝယ်ယူနိုင်ပြီး အောက်တိုဘာ ၁၆ ရက်မှာ စတင်ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ပိုမိုစွမ်းဆောင်ရည်မြင့်မားတဲ့ ဗားရှင်းတွေနဲ့အတူ developer တွေအတွက် ရည်ရွယ်တဲ့ Microsoft Surface RTX Spark Dev Box   ကိုပါ တစ်ပါတည်း ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : mashable 

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media