အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
အမြင့် မီတာ ၁၀,၀၀၀ ကျော်ကို ပျံသန်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ဒရုန်း
သတင်း
သတင်း၁၀ အောက်တိုဘာ ၂၀၂၆

အမြင့် မီတာ ၁၀,၀၀၀ ကျော်ကို ပျံသန်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး ဒရုန်း

မျှဝေရန်

<p>ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Meteomatics  ကုမ္ပဏီကနေ လေထုအမြင့်ပိုင်းအထိ ထိုးဖောက်ပျံသန်းပြီး အချက်အလက်တွေကို တိကျစွာကောက်ယူနိုင်တဲ့ Strato လို့ခေါ်တဲ့ မိုးလေဝသဒရုန်းအသစ်တစ်စင်းကို</p>

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Meteomatics  ကုမ္ပဏီကနေ လေထုအမြင့်ပိုင်းအထိ ထိုးဖောက်ပျံသန်းပြီး အချက်အလက်တွေကို တိကျစွာကောက်ယူနိုင်တဲ့ Strato လို့ခေါ်တဲ့ မိုးလေဝသဒရုန်းအသစ်တစ်စင်းကို တီထွင်မိတ်ဆက်လိုက်ပါပြီ။ အဲဒီဒရုန်းဟာ မီတာ ၁၀,၀၀၀ ကျော်အထက် လေထုအလွှာထဲအထိ သွားရောက်ပြီး ရာသီဥတုအခြေအနေတွေကို တိုင်းတာပေးနိုင်တဲ့ ပထမဆုံးသော multicopter ဒရုန်းတစ်စင်း ဖြစ်လာပါတယ်။

အဲဒီဒရုန်းဟာ အပေါ်ကို ပျံတက်တဲ့လမ်းတစ်လျှောက်မှာ အပူချိန်၊ စိုထိုင်းဆ၊ လေဖိအားနဲ့ လေတိုက်နှုန်းတွေကို အချိန်နဲ့တစ်ပြေးညီ မှတ်တမ်းတင်ပေးနိုင်ပါတယ်။ ယခင်ထွက်ရှိထားတဲ့ မိုးလေဝသဒရုန်းတွေထက် နှစ်ဆပိုများတဲ့ ကီလိုမီတာ ၁၂ အထိ အမြင့်မှာ လုပ်ဆောင်နိုင်စွမ်းရှိပြီး တစ်နာရီကို ကီလိုမီတာ ၁၂၀ နှုန်းနဲ့ တိုက်ခတ်တဲ့ ပြင်းထန်တဲ့လေပြင်းတွေကိုလည်း ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ထားပါတယ်။ ဒါ့အပြင် အမြင့်ပိုင်းမှာ ရေခဲတွယ်တာကို ကာကွယ်ဖို့အတွက် ပန်ကာတွေကို အလိုအလျောက် အပူပေးနိုင်တဲ့ စနစ်လည်း ထည့်သွင်းပေးထားပါတယ်။

အဲဒီလို ထူးခြားဆန်းသစ်တဲ့ မိုးလေဝသဝန်ဆောင်မှုတွေကို ယခုအခါ လေကြောင်း၊ စွမ်းအင်၊ အာမခံနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူ ၇၀၀ ကျော်က အကျိုးရှိရှိ အသုံးပြုနေကြပါပြီ။ အဲဒီနည်းပညာဟာ အနာဂတ်မှာ မိုးလေဝသခန့်မှန်းချက်တွေကို ပိုမိုတိကျစေမယ့်အပြင် သဘာဝဘေးအန္တရာယ် သတိပေးစနစ်တွေကိုပါ သိသိသာသာ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

Ref : Technology Innovation

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

အများပြည်သူနေရာတွေမှာ ဇူဇူရဲ့ ချောင်းရိုက်မျက်မှန်သုံးစွဲမှုကို ကန့်သတ်ရန် နော်ဝေးစီစဉ်နေ

<p>နော်ဝေးနိုင်ငံဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တဟုန်ထိုး မြင့်တက်လာတာကြောင့် အများပြည်သူနေရာတွေမှာ AI စမတ်မျက်မှန်သုံးစွဲမှုကို ယာယီပိတ်ပင်ဖို့</p>

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media