အဓိကအကြောင်းအရာသို့ သွားရန်
MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
EN
YouTube App မှာ တိုက်ရိုက်မက်ဆေ့ခ်ျပို့နိုင်တဲ့စနစ်ကို အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှာ တိုးချဲ့ပေးလိုက်ပြီ
သတင်း
သတင်း၁၃ ဇွန် ၂၀၂၆

YouTube App မှာ တိုက်ရိုက်မက်ဆေ့ခ်ျပို့နိုင်တဲ့စနစ်ကို အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှာ တိုးချဲ့ပေးလိုက်ပြီ

မျှဝေရန်

<p>ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ YouTube ဟာ သူ့ရဲ့မိုဘိုင်းလ် App အတွင်းမှာပဲ တခြားသူတွေနဲ့ စကားပြောဆိုနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို</p>

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ YouTube ဟာ သူ့ရဲ့မိုဘိုင်းလ် App အတွင်းမှာပဲ တခြားသူတွေနဲ့ စကားပြောဆိုနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်၊၊ ဒါပေမဲ့ အဲဒီတုန်းက အိုင်ယာလန်နဲ့ ပိုလန်နိုင်ငံတွေမှာပဲ ရနိုင်ခဲ့တာပါ၊၊ အဲဒီလုပ်ဆောင်ချက်ကို မတ်လမှာ ဥရောပနိုင်ငံအချို့ဆီ တိုးချဲ့ပေးခဲ့ပြီး အခုအခါမှာတော့ အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနဲ့ စင်ကာပူနိုင်ငံတွေအပါအဝင် နိုင်ငံတကာ ဈေးကွက်တွေဆီ ပိုမိုတိုးချဲ့ပေးနေပြီဖြစ်ပါတယ်၊၊

App အတွင်း မက်ဆေ့ခ်ျပို့နိုင်ရုံတင်မကဘဲ ဒီလုပ်ဆောင်ချက်ကနေတစ်ဆင့် ဗီဒီယိုတွေ (ပုံမှန်ဗီဒီယိုအရှည်တွေ၊ Shorts တွေနဲ့ Live လွှင့်ချက်တွေ) ကိုပါ မျှဝေနိုင်မှာဖြစ်ပါတယ်၊၊ App အတွင်း ဗီဒီယိုမျှဝေတာနဲ့ မက်ဆေ့ခ်ျပို့တာတွေကို သုံးနိုင်ဖို့အတွက် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး YouTube ချန်နယ်ထဲကို Sign in ဝင်ထားရမယ့်အပြင် မိမိတို့ဖုန်းမှာ နောက်ဆုံးထွက် YouTube App ကို ထည့်သွင်းထားရမှာဖြစ်ပါတယ်၊၊ ဒီစနစ်ကို အန်းဒရွိုက်ဖုန်းတွေအပြင် အိုင်ဖုန်းနဲ့ အိုင်ပက်တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊၊

ဒီမက်ဆေ့ခ်ျပို့စနစ်မှာ ပို့လိုက်တဲ့စာကို ဖိနှိပ်ထားပြီး “Unsend” ကို နှိပ်တာနဲ့ ပြန်ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်၊၊ ဒါ့အပြင် ပြောဆိုထားတဲ့စာတွေကို (မိမိဘက်ကနေပဲဖြစ်ဖြစ်) ဖျက်ပစ်နိုင်သလို အဲဒီလူကို Block တာမျိုးလည်း လုပ်လို့ရပါတယ်၊၊

Ref : gsmarena

မျှဝေရန်

ဆက်စပ်ဆောင်းပါးများ

Sam Altman က AI ရဲ့ အကျိုးကျေးဇူးအများကြီးအတွက် ဆိုးကျိုးအချို့ကို လက်ခံသင့်တယ်လို့ ပြော

<p>OpenAI ရဲ့ အမှုဆောင်ချုပ် Sam Altman က ကမ္ဘာကြီးအနေနဲ့ AI နည်းပညာရဲ့ အကျိုးကျေးဇူးတွေကို</p>

၁၂/၁၀/၂၀၂၆

ဥရောပမှာ Full Self-Driving ကို အမည်ပြောင်းလဲလိုက်တဲ့  Tesla

<p>တက်စလာက ဥရောပဝဘ်ဆိုက်တွေမှာ အသုံးပြုနေတဲ့ Full Self-Driving ဆိုတဲ့ အမည်ကို Tesla Assisted Driving</p>

၁၂/၁၀/၂၀၂၆

Oppo Find N7 ၏ ကင်မရာနှင့် ဒစ်စပလေး အချက်အလက်များ ပေါက်ကြား

Oppo Find N7 ဖုန်းအတွက် ကင်မရာစနစ်နှင့် ဒစ်စပလေးဆိုင်ရာ အသစ်သော သတင်းအချက်အလက်များ GSMArena မှတဆင့် ပေါက်ကြားလာပါတယ်။

၁၂/၁၀/၂၀၂၆
  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများဆက်သွယ်ရန်

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.comWebsite by RFOX Media