OpenAI က အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ChatGPT version သစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီ chatbot မှာ မိမိကိုယ်ကို အဆုံးစီရင်တာ၊ ထိခိုက်နာကျင်စေတာနဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်တဲ့ အကြောင်းအရာတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကို ပိုမိုတင်းကျပ်ထားပါတယ်။ ဒါ့အပြင် ကျောင်းစာတွေကို အလွယ်တကူ အဖြေပေးမယ့် အစား ကျောင်းသားတွေ ကိုယ်တိုင် တွေးခေါ်လေ့လာနိုင်အောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

New ChatGPT for Teens mode rolls out today with stricter 'age-appropriate'  protections

AI နည်းပညာကြောင့် ကလေးတွေ စာခိုးချတာ၊ စိတ်ပိုင်းဆိုင်ရာ မှီခိုလွန်းတာတွေ ဖြစ်လာနိုင်တဲ့ အပေါ် မိဘတွေနဲ့ ပညာရှင်တွေရဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ အရင်က AI တွေဟာ ဆယ်ကျော်သက်တွေကို မူးယစ်ဆေးသုံးဖို့နဲ့ အန္တရာယ်ရှိတဲ့ အကြံဉာဏ်တွေ ပေးခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေရဲ့ ဖွံ့ဖြိုးဆဲ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ကိုက်ညီမယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ OpenAI က ရည်ရွယ်ထားပါတယ်။

OpenAI launches 'ChatGPT for Teens' with enhanced safety controls amid  legal pressure

အသုံးပြုသူတွေရဲ့ အသက်ကို တိတိကျကျ မစစ်ဆေးပေမယ့် မေးခွန်းတွေကတစ်ဆင့် အသက် ၁၈ နှစ်အောက်လို့ ယူဆရရင် ဆယ်ကျော်သက် version ကို အလိုအလျောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ မိဘတွေ အနေနဲ့လည်း Parental Controls ကတစ်ဆင့် ကလေးတွေ ChatGPT သုံးမယ့် အချိန်ကို ကန့်သတ်နိုင်သလို အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ သတိပေးချက်တွေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref : Japantoday