အမေရိကန်ပြည်ထောင်စုအနေနဲ့ Artificial Intelligence (AI) ဆိုတဲ့ ဝေါဟာရအစား “Super Intelligence”   လို့ စတင်ပြောင်းလဲခေါ်ဆိုသင့်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တာဖြစ်ပြီး “Artificial” (အတု) ဆိုတဲ့ စကားလုံးဟာ နည်းပညာရဲ့ စွမ်းဆောင်ရည်ကို အတုအယောင်လို ထင်မှတ်သွားစေတာကြောင့် ဒီလိုပြောင်းလဲဖို့ ပြောဆိုရတာလို့ ဆိုပါတယ်၊၊

Trump says US Justice Department could rein in AI companies if needed |  Reuters

အမေရိကန် အစိုးရ ရုံးသုံးစာရွက်စာတမ်းတွေမှာ “Super Intelligence” ဆိုတဲ့ ဝေါဟာရကို စတင်အသုံးပြုသွားမှာဖြစ်ပြီး အခြားနိုင်ငံတွေကပါ ဒီအတိုင်း လိုက်ပါသုံးစွဲလာကြလိမ့်မယ်လို့ ထရမ့်က မျှော်လင့်နေပါတယ်။ ဒါ့ပြင် AI နည်းပညာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စည်းမျဉ်းတွေ သတ်မှတ်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ထရမ့်က ဝေဖန်ခဲ့ကာ AI လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုအချို့ကို “ဂျင်း” လို့ တင်စားပြောဆိုခဲ့ပြီး နည်းပညာ တိုးတက်မှုကို အဟန့်အတား မဖြစ်စေသင့်ဘူးလို့ ပြောသွားပါတယ်။

Trump says US will henceforth call AI 'super intelligence'

လက်ရှိမှာ အမေရိကန်ဟာ AI နည်းပညာပိုင်းမှာ တရုတ်နိုင်ငံထက် အများကြီး သာလွန်နေပြီး “Super Intelligence” နည်းပညာကို ဦးဆောင်နိုင်တဲ့ နိုင်ငံဟာ ကမ္ဘာ့အသာစီးရမှုကြီးကို ရရှိမှာဖြစ်ကြောင်း ထရမ့်က ထောက်ပြခဲ့ပါတယ်။ မိနစ် ၃၇ ကြာ မြွက်ကြားခဲ့တဲ့ ကုလသမဂ္ဂ မိန့်ခွန်းအတွင်း ထရမ့်က အနာဂတ် AI နည်းပညာအကြောင်းကို အဓိက ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

Ref : Technology Innovation